ဘိုင်ယန်မြူးနစ်အသင်းဟာ ဘန်လေနည်းပြ ဗင်းဆင့်ကွန်ပနီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
ဘယ်လ်ဂျီယံနည်းပြ ကွန်ပနီဟာ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဘန်လေအသင်းက တရာသီအတွင်းမှာ တန်းဆင်းသွားခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူတွေဟာ ထွက်ခွာသွားတဲ့ နည်းပြ တူဟယ် နေရာအတွက် နည်းပြအတော်များများနဲ့ ချိတ်ဆက်ခဲ့ပြီး အဆုံးသတ်မှာတော့ ကွန်ပနီကို ခေါ်ယူခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။
ကွန်ပနီဟာ ၂၀၂၀ ပြည့်နှစ်က မွေးရပ်မြေကလပ် အန်ဒါလက်ချ်အသင်းမှာ ကစားသမား၊ နည်းပြအနေနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘန်လေအသင်းကို စတင် တာဝန်ယူခဲ့တာပါ။
ထိပ်တန်းအသင်းကြီးတွေမှာ တာဝန်ယူဖူးခြင်း မရှိသေးေပမဲ့ ဘိုင်ယန်မြူးနစ်က ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
Photo-Reuters