ပါလက်စတိုင်းကို နိုင်ငံအဖြစ် မေ ၂၈ ရက်မှာ အသိအမှတ်ပြုမယ်လို့ အိုင်ယာလန်၊ စပိန်နဲ့ နော်ဝေနိုင်ငံတို့က ကြေညာပြီးနောက် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ခေါင်းဆောင်ပိုင်းက ကြိုဆိုတယ်လို့ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဘီး အဘူ ရူဒီနေက မေ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
တခြားအနောက်နိုင်ငံတွေက အလားတူ အသိအမှတ်ပြုဖို့ မျှော်လင့်တယ်လို့လည်း အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ ရာမာလာမှာရှိနေတဲ့ သမ္မတရုံး အပြင်ဘက်ကနေ သူက ဆက်ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် အစ္စရေးက သူ့ရဲ့သံတမန်တွေကို ပြန်ခေါ်သွားခဲ့တာပါ။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ဒီလုပ်ရပ်က ဂါဇာမှာရှိတဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေး အရှိန်အဟုန်မြှင့်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
စပိန်နဲ့ မဟာမိတ်တွေက ပြင်သစ်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံနဲ့ စလိုဗေးနီးယားတို့ အပါအဝင် ဥရောပနိုင်ငံတွေကို ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေးအတွက် လပေါင်း များစွာကြာအောင် စည်းရုံးခဲ့တာပါ။
ဒီကြေညာချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကက်ဇ်က သုံးနိုင်ငံဆိုင်ရာ ဆွေးနွေးညှိနှိုင်းတာတွေလုပ်ဖို့ အစ္စရေးသံအမတ်တွေကို ချက်ချင်း ပြန်ပို့ဖို့ အမိန့်ပေးခဲ့ပြီး နောက်ထပ် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိလာမယ်လို့ သတိပေးခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာတဲ့ ဥရောပနိုင်ငံတွေဟာ လူသတ်သမားတွေကို ဆုချီးမြှင့်နေတာပဲလို့ အစ္စရေးအမျိုးသားရေးဝါဒီ နိုင်ငံရေးသမားနဲ့ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂျေဗီယာက မေ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက အစ္စလာမ္မစ်အုပ်စုက ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်ခေါ်ဖို့နဲ့ ဟားမတ်စ်တွေကို အမြစ်ဖြုတ်ဖို့ အစ္စရေးက ဒီနေရာကို ထိန်းချုပ်ရမှာဖြစ်ပြီး ဂါဇာကမ်းမြောင်တောင်ပိုင်းက ရာဖာမြို့မှာ စစ်ဆင်ရေးတွေ အားလုံးကို လုပ်ဆောင်သင့်တယ်လို့ မောင့်ထ် ဘုရားကျောင်းလို့ ဂျူးတွေသိကြတဲ့ အယ်လ် အက်ဆာ ဗလီဝင်းထဲမှာ ဘန်ေဂျဗီယာက ပြောခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံဆိုင်ရာ အစ္စရေးသံတမန်တွေကို ချက်ချင်းပြန်ခေါ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ စပိန်ဝန်ကြီးချုပ်ကလည်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေး ကက်ဇ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအခွင့်အရေးကို ထိခိုက်စေပြီး ဂါဇာမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၂၈ ဦးကို ပြန်ပေးဖို့ ကြိုးပမ်းမှုတွေ ပျက်ပြားသွားစေတယ်လို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters