ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ကွယ်လွန်သူ အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီရဲ့ ဈာပနအခမ်းအနားကို တက်ရောက်ရင်း အီရန်အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနဲ့ မေ ၂၂ ရက်က မြို့တော် တီဟီရန်မှာ တွေ့ဆုံခဲ့ပါတယ်။
ဟာနီယာဟာ ခါမေနီနဲ့တွေ့ဆုံပြီး ဝမ်းနည်းကြောင်းကို အီရန်ပြည်သူတွေဆီ ကမ်းလှမ်းခဲ့ပါတယ်။
မေ ၁၉ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီယာအဗ္ဗဒူလာဟိန်နဲ့ တခြားတာဝန်ရှိသူတွေနဲ့အတူ သေဆုံးသွားခဲ့တဲ့ သမ္မတ အီဘရာဟင်မ် ရိုင်စီရဲ့ ဈာပနအခမ်းအနားမှာ အီရန်ထိပ်တန်းခေါင်းဆောင်က ဆုတောင်းပွဲတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ လွှတ်တော်အကြီးအကဲတွေ၊ အဆင့်မြင့် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော်တို့လည်း ဗုဒ္ဓဟူးနေ့ နေ့လယ်က တီဟီရန်မြို့တော်မှာ ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ အီရန်အခြေစိုက် Fars သတင်းဌာနက ပြောပါတယ်။
Source/Photo-Reuters