Home
နိုင်ငံတကာ
ထိုင်ဝမ်သမ္မတသစ်ကို ဂုဏ်ပြုသည့် ဂျပန်နှင့် အမေရိကန်ကို တရုတ် ဆန့်ကျင်
DVB
·
May 22, 2024
FILE PHOTO: Taiwan President-elect Lai Ching-te

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် ကျမ်းသစ္စာကျိန်ဆိုတာကို ဂုဏ်ပြုတဲ့ ဂျပန်နဲ့ အမေရိကန်တို့ကို အခိုင်အမာ ဆန့်ကျင်တယ်လို့ တရုတ်က မေ ၂၁ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းရဲ့ လွတ်လပ်ရေးကို ထောက်ခံတဲ့ ဂျပန်တွေဟာ မီးတွင်းထဲကို ဦးတည်နေလိမ့်မယ်လို့ ဂျပန်ဆိုင်ရာ တရုတ်သံတမန်က သတိပေးခဲ့ပါတယ်။

လိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တနင်္လာနေ့က ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူကျန်းဟောက်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ဂျပန်က သံတမန်လမ်းကြောင်းကနေတဆင့် တရုတ်ကို ကန့်ကွက်ထားတယ်လို့ အစိုးရသတင်းရင်းမြစ်တခုက ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို ပိုင်တယ်လို့ ယူဆတဲ့ တရုတ်နိုင်ငံက လိုင်ကို ချီးကျူးဂုဏ်ပြုတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားတို့ကိုလည်း မကျေနပ်ကြောင်း ပြောခဲ့ပါတယ်။

လိုင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ဂျပန်၊ အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားတို့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြား နိုင်ငံခြားသားဧည့်သည် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013