Home
မြန်မာသတင်း
ပြဿနာအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းမည်ဟု RCSS ပြော
DVB
·
May 22, 2024
rcss 8
rcss 7
rcss 6
rcss 5
rcss 4
rcss 3
rcss 2
rcss 1

လက်ရှိ မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပြဿနာအရပ်ရပ်တွေနဲ့ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် (RCSS/SSA) အနေနဲ့  သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့  တွေ့ဆုံပြီး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

မေ ၂၁ ရက်က ဌာနချုပ်လွိုင်တိုင်းလျန်းမှာကျင်းပတဲ့ ၆၆ နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနား ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ 

ဒါ့အပြင် အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပေါ်လာရေး အတွက်လည်း အဘက်ဘက်နဲ့တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ အသိသက်သေ အဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးမှာ ပါဝင် ကူညီဖြေရှင်းပေးဖို့၊  မတရားမှုကိုတော်လှန်ရာမှာ သျှမ်းပြည်သူလူထုတိုင်းမှာ တာဝန်ရှိ တဲ့အတွက် တော်လှန်ရေးဆင်နွှဲရာမှာ ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ဆင်နွှဲဖို့လည်း တိုက်တွန်းထားပါတယ်။

မနေ့က ကျင်းပတဲ့  ၆၆ နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားမှာ တော်လှန်ရေး ခရီးစဉ်တလျှောက် အသက်နဲ့ ကိုယ်လက်အင်္ဂါပေးလှူခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် တွေ၊ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုခဲ့ပြီး ထူးချွန်စစ်သည်တွေကို ဆုချီးမြှင့်တာ၊ ရာထူးတိုးမြှင့် ပေးတာ၊ ကျဆုံးမျိုးချစ်စစ်သည်တွေအတွက် ဂုဏ်ပြုပန်းခွေချတာ၊ သံဃာတော်တွေကို အားပင့်ဖိတ်ကာ ဝိညာဉ်များအား အလှူအတန်းနဲ့အမျှပေးဝေတာတွေ ပြုလုပ်ခဲ့ပါတယ်။ 

ခါတိုင်းနှစ်ကကျင်းပခဲ့တဲ့ သျှမ်းအမျိုးသားတော်လှန်ရေးနေ့မှာ စစ်ရေးပြအခမ်းအနားတွေလုပ် ခဲ့ပေမဲ့ ဒီနှစ်တော့ ဟောပြောပွဲနဲ့ဂုဏ်ပြုပွဲသာ ကျင်းပခဲ့ပါတယ်။ 

တပ်မတော်ဟာ ပင်လုံစာချုပ်ပါကတိကဝတ်ဖောက်ဖျက်ပြီး ရှမ်းစော်ဘွားတွေကို မတရားဖမ်းဆီးထောင်ချတာ၊ ရှမ်းပြည်နယ်ကို စစ်သည်အင်အားအများအပြား ပို့ဆောင်ပြီး နယ်ချဲ့လာတာကြောင့် လွန်ခဲ့တဲ့ ၁၉၅၈ ခုနှစ် မေ ၂၁ ရက်က စဝ်နွဲ့ဆောယန္တ ဦးဆောင်သော  အင်အား ၃၀ ကျော်ရှိ ရှမ်းမျိုးချစ်လူငယ်တစုဟာ မြန်မာစစ်တပ်ကို ပြန်လည် ခုခံတော်လှန်ဖို့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းဟန်ကျေးရွာ နမ့်ကျွတ်ချောင်းဘေးမှာ လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီနေ့ကို အစွဲပြုပြီး နှစ်စဉ် မေ ၂၁ ရက်နေ့ရောက်တိုင်း သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။  

ဓာတ်ပုံ- RCSS ပိုင်သတင်းဌာန

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013