Home
နိုင်ငံတကာ
အမေရိကန်ဒရုန်း ၁ စင်းကို ဟူသီသူပုန် ပစ်ချ
DVB
·
May 22, 2024
Yemen's Houthis say they downed US drone over al-Bayda province

ယီမင်နိုင်ငံတောင်ပိုင်း အယ်လ်ဘေဒါပြည်နယ်မှာ အမေရိကန် MQ9 ဒရုန်းတစီးကို အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီသူပုန်တွေက ပစ်ချခဲ့ကြောင်း အဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ ရုပ်မြင်သံကြား ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီဒရုန်းကို ပြည်တွင်းထုတ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီပြောဆိုချက် မှန်ကန်ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့ ဗီဒီယိုတွေကိုလည်း ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဟူသီပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ပြောပါတယ်။

ဟူသီသူပုန်တွေဟာ အရှေ့တောင်ပိုင်း မာရတ်ဘ်ပြည်နယ်မှာလည်း နောက်ထပ် အမေရိကန် MQ9 ဒရုန်းတစီးကို ပစ်ချခဲ့ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ယီမင်ရဲ့ မြို့တော်နဲ့ အာရေဗျကျွန်းဆွယ်ပြည်နယ်ရဲ့ လူဦးရေအများဆုံးဒေသတွေကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့ဟာ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ပါလက်စတိုင်းတွေဘက်မှာ စည်းလုံးညီညွတ်စွာ ရပ်တည်နေတယ်ဆိုပြီး နိုဝင်ဘာလက စတင်ကာ ပင်လယ်နီအတွင်း နိုင်ငံတကာ သင်္ဘောတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ကတော့ ဖေဖော်ဝါရီလမှာ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို စတင်လာတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013