ရုရှားရူပဗေဒပညာရှင် အနာတိုလီ မတ်စ်လော့ဗ်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ မေ ၂၁ ရက်က စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း တရားရုံးမှ ရိုက်တာ သတင်းထောက်တဦးက ပြောပါတယ်။
မီဒီယာနဲ့နီးစပ်တဲ့ စစ်ဆေးမှုအပြီးမှာ မတ်စ်လော့ဗ်ကို စိန့်ပီတာစဘတ် တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ မတ်စ်လော့ဗ် ကတော့ သူ့အပြစ်မရှိကြောင်း ကန့်ကွက်ခဲ့ပါတယ်။
မတ်စ်လော့ဗ်ရဲ့ ရှေ့နေ အိုလ်ဂါ ဒင်းန်ဇဲက “အစိုးရရှေ့နေက နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ဖို့ တောင်းဆိုကြောင်း ကြားသိရတဲ့အခါ သူ တော်တော့်ကို အံ့ဩသွားတယ်” လို့ ပြောပါတယ်။
ဒီလူဟာ ရုရှားသိပ္ပံပညာအတွက် သူ့ဘဝတခုလုံးကို မြှုပ်နှံပြီး အမိမြေ ကောင်းကျိုးအတွက် လုပ်ဆောင်ခဲ့သူဖြစ်ပြီး အလွန်နာမည်ကြီးတဲ့ နိုင်ငံခြားတက္ကသိုလ် အသီးသီးမှာ သင်ကြားပေးဖို့ ဖိတ်ခေါ်ခံရတာကိုတောင် အလုပ်ကမ်းလှမ်းတာကို ငြင်းဆန်ခဲ့တဲ့သူ ဖြစ်ကြောင်းလည်း ရှေ့နေ အိုလ်ဂါဒင်းန်ဇဲက ပြောပါတယ်။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ မတ်စ်လော့ဗ်ဟာ မကြာသေးမီနှစ်တွေအတွင်း နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ နာမည်ကျော် ရုရှားသိပ္ပံပညာရှင်တွေထဲက တဦးဖြစ်ပါတယ်။
သူနဲ့ တခြားသိပ္ပံပညာရှင် အများအပြားဟာ အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ သီအိုရီပိုင်းဆိုင်ရာ အလုပ်တွေကို လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲဒီ အသံထက်မြန်တဲ့ ဒုံးကျည်တွေဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်ဖို့ အသံရဲ့အမြန်နှုန်း ၁၀ ဆအထိ ဝန်တွေကို သယ်ဆောင်နိုင်တဲ့ နောက်ဆုံးပေါ်လက်နက်တွေ ဖြစ်ပါတယ်။
Source/Photo-REUTERS/Anton Vaganov