ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ လာမယ့် ဇွန်လမှာစတင်မယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဆက်လက် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပေါ်တူဂီနည်းပြ မာတီနက်ဇ်ဟာ ယူရိုပြိုင်ပွဲအတွက် ကစားသမား ၂၆ ဦးစာရင်းကိုထုတ်ပြန်ခဲ့ပြီး တိုက်စစ်မှူး ၇ ဦးထဲမှာ စီရော်နယ်ဒိုကို ဆက်လက်ရွေးချယ်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ဂိုးပေါက်ရှေ့မှာ အရည်အသွေးရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး အသင်းက လိုအပ်နေဆဲဖြစ် တာကြောင့် ဆက်လက်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ နည်းပြမာတီနက်ဇ်က ပြောပါတယ်။
လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စီရော်နယ်ဒိုအတွက် ၁၁ ပွဲမြောက် အဓိကပြိုင်ပွဲကြီးဖြစ်လာမှာပါ။ အသက် ၃၉ နှစ်ရှိ ပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၀၄ ယူရိုပြိုင်ပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးနိုင်ငံတကာပွဲ စတင်ကစားခွင့်ရရှိခဲ့သူပါ။
ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲပေါင်း ၂၀၆ ပွဲအထိ စံချိန်တင်ကစား ထားသလို သွင်းဂိုးအရေအတွက်အရလည်း ၁၂၈ ဂိုးအထိ စံချိန်တင် သွင်းယူထားသူဖြစ်ပါတယ်။
Photo-Reuters