လန်ဒန် ဟီးသရိုးလေဆိပ်ကနေ စင်ကာပူကို ပျံသန်းလာတဲ့ စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်တစင်းဟာ ပြင်းထန်လေစီးကြောင်း မငြိမ်သက်မှု (severe turbulence) နဲ့ ကြုံတွေ့ခဲ့ရပြီး ဘန်ကောက်မှာ အရေးပေါ် ဆင်းသက်ခဲ့ရကာ လူတဦးသေဆုံး၊ အများအပြား ဒဏ်ရာရတယ်လို့ သိရပါတယ်။
ပျံသန်းမှု အမှတ်စဉ် SQ 321 မှာ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။
ခရီးသည်တွေအတွက် လိုအပ်တဲ့ ဆေးဝါးအကူအညီတွေပေးဖို့ လုပ်ဆောင်နေပြီး ဘန်ကောက်ကို အဖွဲ့တဖွဲ့ပါ စေလွှတ်ထားတယ်လို့ စင်ကာပူလေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။
သုဝဏ္ဍဘူမိလေဆိပ်ကို လူနာတင်ကားတွေနဲ့ အရေးပေါ်အဖွဲ့တွေ စေလွှတ်ထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။