Home
နိုင်ငံတကာ
အာကာသတွင်း လက်နက်ချထားမှု ဟန့်တားရေး လုံခြုံရေးကောင်စီတွင် မဲခွဲမှု ရှုံးနိမ့်
DVB
·
May 21, 2024
U.N. Security Council meeting on the maintenance of International Peace and Security Nuclear disarmament and non-proliferation, in New York City

အာကာသထဲမှာ ဘယ်လိုလက်နက်ကိုမဆို ချထား ခြိမ်းခြောက်သုံးစွဲတာကို အချိန်တိုင်းမှာ နိုင်ငံအားလုံးကို ဟန့်တားဖို့ ဆော်ဩထားတဲ့ ရုရှားက မူကြမ်းရေးဆွဲထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မေ ၂၀ ရက်မှာ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

နိုင်ငံ ၇ နိုင်ငံက ထောက်ခံမဲပေးပေမဲ့ ၇ နိုင်ငံက ကန့်ကွက်ပြီး တနိုင်ငံက ကြားနေမဲ ပေးခဲ့တာပါ။

တကယ်လို့ မူကြမ်းက ထောက်ခံမဲ ၉ မဲရခဲ့ရင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပါတယ်။

အာကာသထဲမှာ လက်နက်ပြိုင်ပွဲကို ဟန့်တားရေး နိုင်ငံတွေကို​ ဆော်ဩထားတဲ့ အမေရိကန်က မူကြမ်းရေးဆွဲတဲ့ ဆုံးဖြတ်ချက်ကို အရင်လက ရုရှားက ဗီတိုသုံး ပယ်ချခဲ့ဖူးပါတယ်။

ရုရှားရဲ့ ဗီတိုအာဏာကြောင့် ရုရှားအစိုးရဟာ တခုခုကို ဖုံးကွယ်ထားသလားလို့ အမေရိကန်က မေးခွန်းထုတ်ခဲ့တာပါ။

“ရုရှားက နျူးကလီးယားပစ္စည်းကို သယ်ထားတဲ့ ဂြိုဟ်တုအသစ်ကို တီထွင်နေသလားဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုကို အာရုံလွှဲဖို့ ကြိုးစားနေလို့ ကျနော်တို့ အခု ဒီမှာရှိနေတာပါ” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုသံအမတ်ကြီး ရောဘတ် ဝုဒ်က လုံခြုံရေးကောင်စီကို မဲမပေးခင် ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရ ဂြိုဟ်တုလိုပဲ တူညီတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ပုံမှန်ထောက်လှမ်း ဆောင်ရွက်လို့မရတဲ့ တန်ပြန်လက်နက်တခုကို ရုရှားက နေရာချထားခဲ့တယ်လို့ ဝုဒ်က ပြောပါတယ်။

ကုလဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာဆေးလီး နာဗန်ဇီယာကတော့ “ခင်ဗျားပြောနေတာ ကျနော် အပြည့်အဝတောင် နားမလည်ဘူး” လို့ ပြန်ပြောခဲ့ပါတယ်။

ရုရှားဟာ ၂၀၁၉ နဲ့ ၂၀၂၂ နောက်ပိုင်းမှာ တတိယမြောက် အနေနဲ့ ကမ္ဘာမြေနဲ့နီးတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို ပုံမှန်ထောက်လှမ်းဆောင်ရွက်လို့ မရတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ စနစ်ပါပုံရတဲ့ ဂြိုဟ်တုတလုံးကို မေ ၁၆ ရက်က လွှတ်တင်ခဲ့ပါတယ်။

Source/Photo-REUTERS/Eduardo Munoz

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013