Home
နိုင်ငံတကာ
အစ္စရေးဝန်ကြီးချုပ်နှင့် ဟားမတ်စ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်းထုတ်ရန် ICC ကြိုးပမ်း
DVB
·
May 21, 2024
ICC_21052024

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဟားမတ်စ် ခေါင်းဆောင် ၃ ဦးကို စစ်ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဥပဒေအရာရှိက မေ ၂၀ ရက်မှာ လျှောက်ထားလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ICC ဥပဒေအရာရှိ ကာရင်မ် ခန်းက ဂါဇာစစ်ပွဲ ၇ လကြာအပြီးမှာ ဒီလူ ၅ ဦးဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အပြစ်ရှိတယ်လို့ ကျိုးကြောင်းဆီလျော်စွာ ယုံကြည်စရာအကြောင်းရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

နေတန်ယာဟုနဲ့အတူ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်ကိုပါ ဝရမ်းထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဟားမတ်စ်ဘက်ကဆိုရင်လည်း ဂါဇာက ဟားမတ်စ်ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါ၊ ဟားမတ်စ်ရဲ့ တပ်မှူးချုပ် မိုဟာမက် အယ်မာစရီ၊ ဟားမတ်စ်ရဲ့ နိုင်ငံရေးဗျူရို အကြီးအကဲ အစ္စမေးလ် ဟာနီယာတို့ ၃ ဦးအတွက် ဝရမ်းလျှောက်ထားတာ ဖြစ်ပါတယ်။

တင်ပြတဲ့ အထောက်အထားတွေဟာ ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်သလား ဆိုတာကို ICC တရားသူကြီးအဖွဲ့က ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဝရမ်းတွေ အတည်ပြုဆောင်ရွက်နိုင်ဖို့ ဆိုတာကတော့ ရုံးမှာ အာဏာမရှိသလောက် ဖြစ်ပါတယ်။ ဂါဇာစစ်ပွဲကို စုံစမ်းစစ်ဆေးဖို့ကိစ္စကိုလည်း အမေရိကန်နဲ့ အစ္စရေးက ကန့်ကွက်ထားပါတယ်။

အစ္စရေးရော ပါလက်စတိုင်း ခေါင်းဆောင်တွေကပါ စစ်ရာဇဝတ်မှု စွဲချက်တွေကို ငြင်းဆိုထားပြီး ICC ဥပဒေအရာရှိရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ဒီမိုကရက်တစ် အစ္စရေးနဲ့ ဟားမတ်စ် လူသတ်ကောင်တွေကြားမှာ သည်ဟိတ်ဂ်က ဥပဒေအရာရှိက နှိုင်းယှဉ်ပြီး ဖော်ပြတာကို ရွံရှာစွာနဲ့ ပယ်ချပါတယ်” လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း  မေ ၂၀ ရက်မှာ ပြင်းပြင်းထန်ထန် ရှုတ်ချ ဝေဖန်လိုက်ပြီး ဒီလုပ်ရပ်ဟာ တရားလွန်ပြီး လက်ခံနိုင်စရာမရှိဘူးလို့လည်း ပြောလိုက်ပါတယ်။

အစ္စရေးသမ္မတ အိုင်းဇက် ဟာဇော့ကတော့ ဒီလုပ်ရပ်ဟာ ရိုင်းစိုင်းတာထက် ပိုပြီး ကမ္ဘာတလွှားက အကြမ်းဖက်သမားတွေကို ရဲဆေးတင်ပေးလိမ့်မယ်လို့ ပြောပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲထားတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး အစိုးရရှေ့နေရုံးက မေ ၂၀ ရက်မှာ ပြောခဲ့တာပါ။

ရုံးက စုဆောင်းစစ်ဆေးထားတဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအဗ် ဂေါလန့်ထ်တို့ဟာ နယ်မြေမှာ ကျူးလွန်ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ကြောင်း ယုံကြည်ဖို့ ကျိုးကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်ဆိုတာ ဒီနေ့ အတည်ပြုနိုင်ပါတယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ရှေ့နေချုပ် ကာရင်းမ် ခန်းက ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်ကစတဲ့ ပါလက်စတိုင်းပြည်နယ်ထဲက ရာဇဝတ်မှုတွေထဲမှာ အရပ်သားတွေကို စစ်မက်ဖြစ်ပွားစေတဲ့ နည်းလမ်းနဲ့ ငတ်မွတ်ခေါင်းပါးခြင်း၊ အကြီးအကျယ် နာကျင်စေခြင်း၊ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို အပြင်းအထန် ဒဏ်ရာရစေခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံခြင်း၊ တမင်တကာ သတ်ဖြတ်ခြင်းနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေကို ဦးတည်ခြင်းတို့ ပါတယ်လို့ ကာရင်းမ်ခန်းက ဆက်ပြောပါတယ်။

အရပ်သားလူထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နေတန်ယာဟု၊ ​ဂေါလန့်ထ်နဲ့ ဟားမတ်စ်ခေါင်းဆောင် ၃ ဦးတို့ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ပြင်ပ အစိုးရရှေ့နေတွေက တောင်းဆိုခဲ့တာပါ။

စစ်ရာဇဝတ်မှုတွေအတွက် ဟားမတ်စ်ခေါင်းဆောင် ၃ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ဖို့ မေ ၂၀ ရက်မှာ နိုင်ငံတကာ ရာဇဝတ်တရားရုံး အစိုးရရှေ့နေရုံးက တောင်းဆိုခဲ့ပါတယ်။

ICC အစိုးရရှေ့နေရဲ့ လုပ်ဆောင်ချက်ဟာ ‘သမိုင်းဝင် အချိုးအစားဆိုင်ရာ ရာဇဝတ်မှု’ ဖြစ်တယ်လို့ အစ္စရေး ဒုဝန်ကြီးချုပ်ဟောင်းနဲ့ စစ်အစိုးရအဖွဲ့ရုံးဝန်ကြီး ဗိုလ်ချုပ်ကြီး ဘန်နီဂန့်ဇ်က ပြောပါတယ်။

ဟားမတ်စ် အကြမ်းဖက်အဖွဲ့အစည်းက အစ္စရေးနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးမှာ အစ္စရေးနိုင်ငံဟာ နိုင်ငံတကာဥပဒေတွေကို လိုက်နာတဲ့ သမိုင်းတလျှောက် ကျင့်ဝတ်သိက္ခာအရှိဆုံးနဲ့ တရားမျှတတဲ့ စစ်ပွဲတွေထဲက တခုကို ဆင်နွှဲနေတယ်လို့ ဘန်နီဂန့်ဇ်က ပြောပါတယ်။

သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေကို ခုခံကာကွယ်ဖို့ ထွက်လာတဲ့ နိုင်ငံတခုရဲ့ ခေါင်းဆောင်တွေအပေါ် ခုလိုလုပ်ရပ်ဟာ ကျင့်ဝတ်အရ မျက်စိကွယ်ပြီး တာဝန်နဲ့ နိုင်ငံသားတွေကို ခုခံကာကွယ်နိုင်စွမ်းကို ထိခိုက်စေလို့ ဖျောက်ဖျက်လို့မရနိုင်တဲ့ သမိုင်းဝင်ရာဇဝတ်မှုတခု ဖြစ်လာမှာပါလို့လည်း ဂန့်ဇ်က ဆက်ပြောပါတယ်။

အစ္စရေးက ရာဖယ်မြို့မှာ စစ်ဆင်ရေးကို တိုးလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ် ဂေါလန့်ထ်က မေ ၂၀ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အကြီးတန်းလက်ထောက် ဂျိတ်ခ် ဆူလေဗန်နဲ့ တဲလ်အဗီမြို့မှာ တွေ့ဆုံချိန် ပြောခဲ့ပါတယ်။

ဟားမတ်စ်ဘက်ကလည်း ဒီကိစ္စဟာ ခံရသူကို ကျူးလွန်သူနဲ့ အတူတွဲ စွဲတာဖြစ်ပြီး ဝရမ်းပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013