ဝေဖန်မှုတွေကြောင့် ပိုကောင်းတဲ့ ကစားသမားဖြစ်လာတယ်လို့ မန်စီးတီးတိုက်စစ်မှူးဟာလန်း က ပြောသွားပါတယ်။
ဟာလန်းဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုကို သုံးကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။
ဟာလန်း ခြေစွမ်းပြသနိုင်ခြင်းမရှိချိန်မှာ မန်ယူကွင်းလယ်လူဟောင်းရွိုင်ကိန်းက လိဂ်တူးက ကစားသမားအဆင့်အတန်းရှိသူလို့ ဝေဖန်မှုတွေ ရှိခဲ့တာပါ။
ဟာလန်းကတော့ အဲဒီလိုဝေဖန်မှုတွေက ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အခုနှစ်ရာသီက သူ့အတွက် ဆိုးရွားတဲ့ ဘောလုံးရာသီလို့ ဝေဖန်မယ်ဆိုရင်လည်း လက်ခံသွားမှာဖြစ်ပြီး အကောင်းဆုံးနည်းလမ်းက ဆက်လက်ကြိုးစားနေဖို့သာ ဖြစ်ကြောင်း ဟာလန်းက ပြောသွားပါတယ်။
Photo - Reuters