Home
နိုင်ငံတကာ
ကြယ်တံခွန်တခုကြောင့် ပေါ်တူဂီနိုင်ငံ ကောင်းကင်တခုလုံး ထွန်းလင်း
DVB
·
May 21, 2024
comet fragment Portugal_21052024

ပေါ်တူဂီနိုင်ငံ ဘရာဂါမြို့မှာ မေ ၁၈ ရက်ညက တောက်ပတဲ့ ကြယ်တံခွန်အပိုင်းအစတခုကြောင့် ကောင်းကင်ယံတခွင်လုံး လင်းထိန်နေတာကို လုံခြုံရေးကင်မရာ မှတ်တမ်းတခုမှာ မြင်တွေ့ရပါတယ်။

နက္ခတ်ဗေဒင်ဆိုင်ရာ ဖြစ်စဉ်ကို ပေါ်တူဂီနိုင်ငံနဲ့ စပိန်နိုင်ငံတို့က ဒေသအသီးသီးမှာ မြင်တွေ့ခဲ့ရပါတယ်။

မေ ၁၉ ရက်မနက်ပိုင်းမှာ ဥရောပအာကာသအေဂျင်စီ (ESA) က fireball ကင်မရာကနေ ဖမ်းယူ ရရှိထားတဲ့ ပေါ်တူဂီနယ်စပ်နားက စပိန်အနောက်ပိုင်း ကာစီရက်စ်မြို့ရဲ့ ကောင်းကင်ယံမှာ "အံ့မခန်း ဥက္ကာပျံ" အဖြစ် ဖော်ပြထားတဲ့ ဗီဒီယိုကို X လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ (ESA) က ရုပ်သံဖမ်းယူထားတာက ကြယ်တံခွန်ရဲ့  သေးငယ်သော အပိုင်းအစတစ်ခုဖြစ်ပြီး ဥက္ကာပျံမဟုတ်ဘူးလို့ ပြောင်းခန့်မှန်းခဲ့ပါတယ်။

ကြယ်တံခွန်ဟာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေပေါ်ကနေ တစ်စက္ကန့်ကို (၂၈ မိုင်) အရှိန်နဲ့ ပျံသန်း သွားခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

“ဥက္ကာခဲတွေ ရှာတွေ့နိုင်ခြေက အရမ်းနည်းပါတယ်”လို့လည်း ES Aက ပြောပါတယ်။ နိုင်ငံနှစ်ခုစလုံးက မြို့ကြီးတွေနဲ့ မြို့အများအပြားမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။  

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024