Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် လျှပ်စစ်ကားဘက်ထရီစက်ရုံ တည်ဆောက်ရန် ကမ်းလှမ်း
DVB
·
May 21, 2024
Indonesian President Joko Widodo talks with Founder and CEO of Tesla Motors Elon Musk during their meeting at the SpaceX launch site in Boca Chica

အင်ဒိုနီးရှားမှာ လျှပ်စစ်ကားအတွက် ဘက်ထရီစက်ရုံ တည်ဆောက်ဖို့  ကမ်းလှမ်းချက်ကို  တက်စ်လာကားကုမ္ပဏီအကြီးအကဲ အီလွန်မတ်စ်က  စဉ်းစားလိမ့်မယ်လို့ အင်ဒိုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

တက်စ်လာကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် အီလွန်မတ်စ်ဟာ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ မေ ၂၀ ရက်မှာ တွေ့ဆုံပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံတွင်း လျှပ်စစ်ကားဘက်ထရီ စက်ရုံတည်ဆောက်ဖို့ ကမ်းလှမ်းချက်ကို အီလွန်မတ်စ်ဘက်က စဉ်းစားလိမ့်မယ်လို့ အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီးက ပြောကြားလိုက်တာပါ။

၀န်ကြီး လူဟုတ်ပန်ဂျိုင်တန်က သတင်းထောက်တွေကို ဒီမှတ်ချက်ပြောပြီးတဲ့နောက်ပိုင်း အီလွန်မက်စ်ဆီက မှတ်ချက်ကိုတော့ ချက်ချင်းရရှိသေးပါဘူး။

အီလွန်မတ်စ်နဲ့ ဝီဒိုဒိုတို့ဟာ တနင်္လာနေ့က ကမ္ဘာ့ ရေဖိုရမ်ကို တက်ရောက်ခဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံခဲ့ ကြတာပါ။

အင်ဒိုနီးရှားအစိုးရဟာ နိုင်ငံရဲ့ ကြွယ်ဝတဲ့ နီကယ်အရင်းအမြစ်တွေကို သုံးပြီး လျှပ်စစ်ကား ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေချင်လို့ လျှပ်စစ်ကားတွေနဲ့ ဆက်စပ်ထုတ်လုပ်တဲ့ စက်ရုံတွေ ဆောက်ဖို့ တက်စ်လာကုမ္ပဏီကို ဆွဲဆောင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013