Home
မြန်မာသတင်း
ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ဝေဒနာရှင်များ အခက်တွေ့
DVB
·
May 20, 2024
Medicines_20052024

ရခိုင်ပြည်နယ်အတွင်းမှာ ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါ ဝေဒနာရှင်တွေ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆေးဝါးတွေ ပြတ်တောက်နေပြီး စျေးနှုန်းတွေလည်း ၃ ဆလောက် မြင့်တက်သွားလို့ နာတာရှည် ရောဂါဝေဒနာရှင်တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို အသက်ဆုံးရှုံးတဲ့သူတွေလည်း ရှိနေတယ်လို့ ရသေ့တောင်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“အဓိကတော့ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ စိတ်ရောဂါဝေဒနာရှင်တွေ အပါအဝင် နာတာရှည်ရောဂါတွေအတွက် ဆေးဝါးတွေ ပြတ်တောက်နေတာပါ။ စစ်တွေမြို့ကလည်း ပိတ်ထားတော့ ဘယ်မြို့မှာမှ ဝယ်လို့မရဘူး။”

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းတွေကိုလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံဆေးခန်းကိုလည်း သွားမပြရဲကြဘူးလို့ ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို အမြန်ဆုံး တင်သွင်းနိုင်အောင် ကြိုးပမ်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013