Home
အားကစား
အဆင့် ၈ နေရာဖြင့် လုံလောက်မှုမရှိကြောင်း မန်ယူနည်းပြတန်ဟတ်ဂ် ဝန်ခံ
DVB
·
May 20, 2024
ManUTenHag_20052024

အမှတ်ပေးဇယား အဆင့် ၈ နေရာမှာရပ်တည်နေရမှုဟာ  မန်ယူနိုက်တက်အသင်းအတွက် လုံလောက်မှု မရှိကြောင်း နည်းပြတန်ဟတ်ဂ်က ဝန်ခံပြောသွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဘရိုက်တန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမဲ့ ပြိုင်ဘက်အသင်းတွေကလည်း နိုင်ပွဲကိုယ်စီရရှိခဲ့တာကြောင့် အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့တာပါ။

အဆင့် ၈ နေရာမှာရပ်တည်မှုဟာ အလွန်ဆိုးရွားတဲ့ ရပ်တည်မှုဖြစ်ပြီး အခုထက် ပိုကောင်းတဲ့အဆင့်မှာ ရပ်တည်နိုင်ခဲ့သင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရမှသာ ယူရိုပါလိဂ်ဝင်ခွင့်ရ ရှိမှာဖြစ်ပါတယ်။

မန်ယူအသင်းသားတွေအနေနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရဖို့ တိုက်ပွဲဝင် ကြလိမ့်မယ်လို့လည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။ 

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013