အီရန်သမ္မတ အီဘရာဟင်မ်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစီးဟာ နိုင်ငံမြောက်ပိုင်းကို သွားရောက်စဉ်မှာ မတော်တဆဖြစ်ပွားခဲ့ပြီး သမ္မတရဲ့အခြေအနေကို မသိရသေးဘူးလို့ အီရန်သတင်းဌာန Tasnim က ဖော်ပြပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ သမ္မတနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဟော့စ်စိန်အမီရာအဗဒူလာဟီရန်လည်း လိုက်ပါသွားတာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေကြဆဲဖြစ်ပါတယ်။ ဒါဟာ မေလ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉ နာရီဝန်းကျင်နောက်ဆုံးသိရတဲ့အခြေအနေဖြစ်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။
ရဟတ်ယာဉ်ဟာ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ အရေးပေါ်ဆင်းခဲ့ရပြီး မြူဆိုင်းနေတာကြောင့် အခင်းဖြစ်တဲ့နေရာကို မရောက်နိုင်သေးဘူးဖြစ်နေတယ်လို့ဆိုပါတယ်။
အရှေ့အဇာဘိုင်ဂျန်ပြည်နယ်ဟာ အဇာဘိုင်ဂျန်နိုင်ငံနယ်စပ်က အီရန်ပြည်နယ်တခု ဖြစ်ပါတယ်။ ရဟတ်ယာဉ် အခြေအနေကိုလည်း သေချာမသိရဘူးလို့ဆိုပါတယ်။ သမ္မတရဲ့ အဖော်တချို့ဟာ ရုံးချုပ်ကို လှမ်းအကြောင်းကြားနိုင်ခဲ့တာကြောင့် အသေအပျောက်မရှိ ဘေးလွတ်ကြမယ်လို့လည်း မျှော်လင့်နေတယ်လို့ဆိုပါတယ်။
ရဟတ်ယာဉ် ၃ စင်း သွားတာမှာ ကျန် ၂ စင်းက ဘေးမသီရန်မခ သွားလိုရာရောက်သွားပေမဲ့ သမ္မတရဲ့ ရဟတ်ယာဉ်ကပဲ မတော်တဆဖြစ်ခဲ့တာပါ။
Source/Photo - Reuters