Home
အားကစား
ကမ္ဘာ့ဘောလုံးအသိုက်အဝိုင်းက မန်စီးတီးကို လေးစားချီးကျူးသင့်ဟု ဂွါဒီယိုလာ ပြော
DVB
·
May 19, 2024
Premier League - Tottenham Hotspur v Manchester City

ကမ္ဘာ့ဘောလုံးအသိုက်အဝန်းအနေနဲ့  မန်စီးတီးအသင်းကို လေးစားချီးကျူးသင့်တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ မနှစ်ကရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ခဲ့သလို အခုနှစ်ရာသီမှာလည်း ဆုဖလား ၂ လုံးရယူဖို့ လက်တကမ်းအကွာမှာ ရောက်ရှိနေတာပါ။

ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းကို အနိုင်ရရှိရုံနဲ့ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာဖြစ်ပြီး အက်ဖ်အေ ဖလားဗိုလ်လုပွဲမှာလည်း မန်ယူအသင်းနဲ့ ဆွေ့ဆုံနေတာပါ။

ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်မယ်ဆိုရင် ၄ နှစ်ဆက်တိုက် ရယူနိုင်တဲ့အသင်းအဖြစ် စံချိန်တင်နိုင်မှာပါ။

အင်္ဂလန်ကလပ်အသင်းတွေထဲမှာ တသင်းမှ  ၄ နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဆုဖလား ရယူနိုင်ခြင်းမရှိခဲ့ဘဲ မန်စီးတီးက ပထမဆုံးအကြိမ် ဖြစ်လာမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ အနာဂတ်မှာတော့ မန်စီးတီးရဲ့ အောင်မြင်မှုတွေကို အာဆင်နယ်က ကျော်ဖြတ်သွားနိုင်ကြောင်း နည်းပြဂွါဒီယိုလာက သတိပေးသွားပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ အာဆင်နယ်အသင်းက အနီးကပ်ဆုံး ဖိအားပေးကစားနိုင်ခဲ့ပြီး အနာဂတ်မှာ မန်စီးတီးရဲ့ အောင်မြင်မှုတွေကို ကျော်ဖြတ်သွားနိုင်ကြောင်း နည်းပြဂွါဒီယိုလာက သုံးသပ်ခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ တိုးတက်လာမှုဟာ မန်စီးတီးအတွက် သတိပေးခေါင်းလောင်းသံဖြစ်ပြီး အနာဂတ်မှာ ကျော်တက်သွားနိုင်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

အခုနှစ်ရာသီမှာ အာဆင်နယ် ချန်ပီယံမဖြစ်ခဲ့ရင်လည်း  လာမယ့်ရာသီတွေအထိ စိန်ခေါ်နိုင်စွမ်းရှိနေပြီး သူတို့အသင်းရဲ့ လူငယ်တွေနဲ့ နည်းပြရဲ့အလားအလာအရ မန်စီးတီးရဲ့ နေရာကို ဝင်လုသွားနိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။ 

Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024