ပရီးမီးယားလိဂ်ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိ ကြောင်း မန်စီးတီးကွင်းလယ်လူ ဖိုဒမ်က ပြောသွားပါတယ်။
ဖိုဒမ်ဟာ အဆုံးအဖြတ်ဒိုင်တွေရဲ့ မဲပေးမှု ၄၂ ရာခိုင်နှုန်းအထိ ရရှိပြီး တနှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။
ဒီဆုရရှိခဲ့တာက အောင်မြင်မှုတခုဖြစ်ပြီး ဂုဏ်ယူကျေနပ်မိကြောင်း၊ ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ပြီး တခြားထိပ်တန်းကစားသမားတွေကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာက အလွန်နှစ်သက်စရာကောင်းကြောင်း ဖိုဒမ်က ပြောပါတယ်။
အသင်းဖော်တွေရဲ့ ပံ့ပိုးကူညီမှုတွေမပါဝင်ဘဲ ဆုရရှိမှာမဟုတ်ကြောင်း၊ မဲပေးရွေးချယ်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ဖိုဒမ်က ပြောပါတယ်။
ဖိုဒမ်ဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက တိုက်စစ်မှူးဗာဒီရရှိခဲ့ပြီးနောက်ပိုင်း တနှစ်တာအကောင်းဆုံးကို အင်္ဂလန်ကစားသမားတဦးက ပထမဆုံးအကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။
Photo - Reuters