Home
အားကစား
လီဗာကူဆင်အသင်း ရှုံးပွဲမရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရယူ
DVB
·
May 19, 2024
Leverkusen_19052024

ဂျာမန်ကလပ် လီဗာကူဆင်အသင်းဟာတရာသီလုံး ရှုံးပွဲလုံးဝမရှိခဲ့တဲ့ ရလဒ်နဲ့ ဘွန်ဒက်စ်လီဂါ အမှတ် ပေးချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဂျာမန်လိဂ် နောက်ဆုံးပွဲစဉ်မှာ လီဗာကူဆင်က အော့စ်ဘက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး စုစုပေါင်း ၃၄ ပွဲမှာ ၂၈ ပွဲနိုင် ၆ ပွဲသရေ ရလဒ်နဲ့ တရာသီလုံး ရှုံးပွဲလုံးဝမရှိဘဲ ချန်ပီယံဆုရယူနိုင်ခဲ့တာပါ။

ဒုတိယနေရာက စတုဂတ်အသင်းကို ၁၇ မှတ်အထိ ဖြတ်ခဲ့သလို တတိယနေရာက ဘိုင်ယန်မြူးနစ်ကိုလည်း ၁၈ မှတ်အထိဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တာပါ။

လီဗာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါမှာ ဒုတိယ ၅ ကြိမ် သာရရှိခဲ့ဖူးပြီး အခုနှစ်ရာသီမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံဖြစ်ခဲ့တာပါ။

ဆုဖလားသုံးလုံးမျှော်လင့်ခွင့်လည်းရှိနေပြီး အက်တလန်တာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ ကိုင်ဇာစလော့တန်နဲ့ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲလည်း  ဆက်လက်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ 

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013