ဘိုင်ယန်နဲ့ သဘောတူညီမှုမရခဲ့တာကြောင် အသင်းကနေထွက်ခွါဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြ သောမက်စ်တူချယ်က ပြောသွားပါတယ်။
ဘိုင်ယန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ် ဆိုးရွာမှုနဲ့အတူ ဆုဖလားလက်မဲ့ရာသီအဖြစ် ဖြတ်သန်းသွားရမှာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက အသင်းကနေထွက်ခွါဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ရာသီမကုန်ခင်မှာ ဆွေးနွေးခဲ့သေးပြီး အဆင်မပြေခဲ့တာကြောင့် ထွက်ခွါဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တူချယ်က ပြောပါတယ်။
ဘိုင်ယန်ကနေ ထွက်ခွါရတော့မယ့်အပေါ် ဝမ်းနည်းမိပြီး အသင်းဝန်ထမ်းအားလုံးကို သတိရနေမှာဖြစ်ကြောင်း တူချယ်က ပြောပါတယ်။
ဒေါ့မွန်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးအသင်းတွေမှာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တူချယ် ကို ပရီးမီးယားလိဂ်အသင်းတွေကလည်း ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
တူချယ်ဟာ ချဲလ်ဆီးမှာရှိစဉ်က ဥရောပ ချန်ပီယံလိဂ်ဆုဖလားရယူပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေရှိ သေးတာကြောင့် တကျော့ပြန် ပြန်လာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
Photo - Reuters