အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဆေးခြောက်ဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ အမေရိကန် တရားရေးဌာနက တင်သွင်းတဲ့ သမိုင်းဝင် အဆိုပြုချက်ကို မေ ၁၆ ရက်က ကြေညာခဲ့ပြီး ဒီအဆိုပြုချက်ကို ပြဋ္ဌာန်းလိုက်ရင် သူ့ရဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေကို သုတေသန ပိုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။
ဆေးခြောက်ကို သုံးစွဲခြင်း သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ခြင်းအတွက် ဘယ်သူမှ ထောင်မကျသင့်ကြောင်းနဲ့ ဆေးခြောက်ကို ချဉ်းကပ်မှု မအောင်မြင်တာကြောင့် အသက်ပေါင်းများစွာ ဆုံးပါးခဲ့ရပြီလို့ ဘိုင်ဒင်က သူ့ရဲ့ X အကောင့်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ပြောထားပါတယ်။
ဧပြီလမှာ ပထမဆုံး ကြေညာခဲ့တဲ့ အဆိုပြုချက်ဟာ ဆေးခြောက်ကို အမျိုးအစား ၃ မျိုး ပြန်သတ်မှတ်မှာ ဖြစ်ပါတယ်။
ဆေးဝါးအဖြစ် အကျိုးကျေးဇူး သိပ်မတွေ့ရှိရဘဲ လွန်ကဲတဲ့ စွဲလမ်းမှု ဖြစ်စေတဲ့ ဘိန်းဖြူလိုမျိုးကို နံပါတ် ၁ အမျိုးအစား၊ ဆေးဝါးအာနိသင်လည်း ရှိပေမဲ့ စွဲလမ်းမှု မြင့်စေတာမျိုးက နံပါတ် ၂ အမျိုးအစား၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုအတွက် စွဲလမ်းနိုင်စွမ်း အလယ်အလတ်အဆင့်ကနေ နည်းပါးတဲ့အထိ အလားအလာဆိုရင် နံပါတ် ၃ အမျိုးအစား စသဖြင့် ခွဲခြားထားပါတယ်။
အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ဆေးခြောက်မှာ နာတာရှည် နာကျင်ကိုက်ခဲမှု၊ အစားအသောက်ပျက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း တို့ကို ကုသရာမှာ ယုံကြည်လောက်တဲ့ သိပ္ပံနည်းကျ အထောက်အကူတချို့ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘိုင်ဒင်ဟာ ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါး အမျိုးအစားခွဲခြားမှုကို ပြန်လည်သုံးသပ်ဖို့ စတင်ခဲ့ပြီး သူ့ရဲ့ နိုင်ငံရေးအခြေခံ လက်ဝဲယိမ်းအဖွဲ့ဝင်တွေအတွက် အရေးကြီးတဲ့ မဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းပေးခဲ့တာပါ။
မူးယစ်ဆေးဝါးက တရားဝင်မဖြစ်အောင် ပြန်စီစဉ်နေချိန်မှာပဲ ခုကြေညာလိုက်တဲ့ အဆိုပြုချက်ကြောင့် သုတေသနနဲ့ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုတွေအတွက် တံခါးတွေပွင့်လာမှာဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်တွေ ပိုမိုပေါ့ပါးစေဖို့နဲ့ ဆေးခြောက်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစေလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters