Home
အားကစား
အာဆင်နယ်နှင့် မန်ယူတိုက်စစ်မှူးဟောင်း ဗန်ပါစီ  ဟီရန်ဗင်းနည်းပြဖြစ်လာ
DVB
·
May 18, 2024

အာဆင်နယ်နဲ့ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီဟာ ဟော်လန်ကလပ် ဟီရန်ဗင်း နည်းပြဖြစ်လာပါတယ်။

ဗန်ပါစီအတွက် ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ဘောလုံးအသင်းတသင်းကို တာဝန်ယူခဲ့တာပါ။

အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ဗန်ပါစီဟာ  ၂၀၁၉ ခုနှစ်က ကစားသမားဘ၀ ကနေ အနားယူခဲ့သူဖြစ်ပြီး ဟော်လန်ယူ-၁၈ အသင်းကိုလည်း တာဝန်ယူခဲ့ပါသေးတယ်။

နည်းပြချုပ် တဦးရဲ့ အခန်းကဏ္ဍတွေကို ဆက်လက်လုပ်ဆောင်ရင်း တိုးတက်မှုတွေရှိလာဖို့ မျှော်လင့်ကြောင်းနဲ့  နှစ်သက်စရာ စိန်ခေါ်မှုတခုလည်း ဖြစ်ကြောင်း နည်းပြဗန်ပါစီက ပြောပါတယ်။

ဟီရန်ဗင်းအသင်းဟာ အခုနှစ်ဟော်လန်လိဂ်ပြိုင်ပွဲပြီးဆုံးဖို့ တပွဲအလိုမှာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ 

Source/Photo - Reuter

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013