Home
နိုင်ငံတကာ
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့သန္တာကျောက်တန်း ၆၀ ရာခိုင်နှုန်းကျော် အရောင်ကျွတ်
DVB
·
May 17, 2024
coral_17052024

ပြီးခဲ့တဲ့နှစ်အတွင်း အပူဖိအားကြောင့် ကမ္ဘာ့သန္တာကျောက်တန်း ၃ ပုံ ၂ ပုံနီးပါး၊ တနည်းပြောရရင် ၆၀ ရာခိုင်နှုန်းကျော် အရောင်ကျွတ်သွားခဲ့တယ်လို့ UNOAA အဖွဲ့ကြီးက ထုတ်ပြန်ပါတယ်။

သန္တာကောင်တွေဟာ သူတို့ရဲ့ တစ်သျှူးမျှင်တွေမှာ နေထိုင်တဲ့ ရေမှော်တွေနဲ့ သဟဇီဝလို့ ခေါ်တဲ့ အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။

အဲဒီရေမှော်တွေဟာ သန္တာတွေရဲ့ အဓိကအစာဖြစ်သလို သူတို့ကို အရောင်အဆင်းရှိအောင် လုပ်ပေးတာလည်း ဖြစ်ပါတယ်။

သမုဒ္ဒရာအပူချိန်မြင့်လာတာ၊ ပတ်ဝန်းကျင်ညစ်ညမ်းတာတွေ ဖြစ်ရင် သဟဇီဝ ဆက်ဆံရေးမှာ ဖိအားရှိလာပြီး သန္တာတွေက ရေမှော်တွေကို စွန့်ထုတ်လိုက်ပါတယ်။

ရေမှော်တွေမရှိတော့ရင် သန္တာတွေရဲ့ အဓိက အစာရင်းမြစ် ပျောက်သွားသလို အရောင်လုံးဝဖြူသွား၊ ဖျော့တော့သွားပါတယ်။

ရောဂါဘယတွေ ဝင်နိုင်ခြေ ပိုများပြီး အငတ်ဘေးပါ ရင်ဆိုင်ရနိုင်သလို သေဆုံးနိုင်ခြေ မြင့်သွားပါတယ်။

ရာသီဥတုပြောင်းလဲလာမှုနဲ့ အယ်လ်နီညိုရာသီဥတုပုံစံတို့ ပေါင်းစပ်ပြီး သမုဒ္ဒရာအပူချိန် စံချိန်တင် မြင့်တက်လာတဲ့အတွက် ကမ္ဘာ့သန္တာကျောက်တန်းတွေဟာ စတုတ္ထမြောက် အစုလိုက် အရောင်ကျွတ်တဲ့ အဖြစ်ဆိုးကြီး ကြုံနေရတယ်လို့ အမေရိကန် သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ ကွပ်ကဲရေးဌာန (NOAA) က ပြီးခဲ့တဲ့လက ထုတ်ပြန်ပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာချိုင့်ဝှမ်းတွေမှာရှိတဲ့ သန္တာကျောက်တန်း ၉၉ ဒသမ ၇ ရာခိုင်နှုန်းဟာ အရောင်ကျွတ်တဲ့အဆင့် အပူဖိအားကို ခံစားခဲ့ရတယ်လို့ NOAA က ဆိုပါတယ်။

သိပ္ပံပညာရှင်တွေဟာ နိုင်ငံနဲ့ နယ်မြေ ၆၂ ခုက အစုလိုက်အပြုံလိုက် အရောင်ကျွတ်မှု ဖြစ်စဉ်တွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013