Home
အားကစား
ပိုကောင်းသည့်ကစားသမားများခေါ်ယူရန် မန်ယူအသင်းကို ဝိန်းရွန်းနီတိုက်တွန်း
DVB
·
May 17, 2024
Rooney-says-ManU_10032024

မန်ယူနိုက်တက်အသင်းအနေနဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ပိုကောင်းတဲ့ ကစားသမားတွေကို ခေါ်ယူသင့်တယ်လို့ အသင်းတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက တိုက်တွန်း ပြောသွားပါတယ်။

မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပြီး မန်စီးတီး၊ အာဆင်နယ်၊ လီဗာပူး အစရှိတဲ့ ပြိုင်ဘက်တွေကိုယှဉ်ပြိုင်နိုင်ဖို့ လိုအပ်ချက်တွေရှိနေတာပါ။

အသင်းဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီကတော့ မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေကို ရင်ဘောင်တန်းနိုင်ဖို့အတွက် အခုထက်ပိုကောင်းတဲ့ ကစားသမားတွေ ခေါ်ယူဖို့လိုအပ်ကြောင်း အသင်းဟောင်းကို တိုက်တွန်းခဲ့တာပါ။

အသင်းခေါင်းဆောင်း ဘရူနိုဖာနန်ဒက်စ်ကို ဗဟိုပြုပြီး  အသင်းကို တည်ဆောက် သွားသင့်ကြောင်း၊ ပြိုင်ဘက်တွေကို ပုခုံးချင်းယှဉ်နိုင်ဖို့ဆိုရင် တနှစ်၊ နှစ် နှစ်လောက်နဲ့ မရနိုင်ဘဲ လေး၊ငါးနှစ်လောက် အချိန်ယူတည်ဆောက်သွားရနိုင်တယ်လို့ ဝိန်းရွန်းနီကပြောသွားပါတယ်။ 

Photo - Reuter

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013