Home
မြန်မာသတင်း
တိုကျိုမြို့တွင် တိုင်းရင်းသားအဖွဲ့များ သတင်းစာရှင်းလင်းပွဲပြုလုပ်
DVB
·
May 15, 2024
press conference2_15052025
press-conference_15052025-1
press conference_15052025
dr-zaw-way-soe_15052024
dr-zaw-way-soe1_15052024
press-conference1_15052025

ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့များ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ ဦးဆောင်ပြီး မေ ၁၅ ရက်က တိုကျိုမြို့မှာ လက်ရှိမြန်မာအရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစားရှင်းပွဲမှာ လက်ရှိ မြန်မာနိုင်ငံအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဂျပန်သတင်း မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို တိုင်းရင်းသားအဖွဲ့များရဲ့ကိုယ်စား ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး (Salai Thla Hei)၊ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ Saw Nimrod၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ Luiz တို့က ပြန်လည်ဖြေကြားခဲ့ကြကာ ဂျပန်အစိုးရ၊ ဂျပန်ပါလီမန်နဲ့ ဂျပန်ပြည်သူတွေအား အချက် ၈ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ကာလကြာမြင့်ချိန်ကတည်းက ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့ အကူအညီအထောက်အပံ့တွေကို ကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြီးလည်း ကူညီစေလိုကြောင်း၊ ဂျပန်အစိုးရအနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာတောင်းဆိုမှုတွေကို စစ်ကောင်စီအား ပိုမိုဖိအားပေးစေလိုကြောင်း ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးက  တိုက်တွန်းခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ မပေးပို့ဘဲ အိမ်နီးချင်း နယ်စပ်ဒေသတွေ ဖြတ်ကျော်ကာ တိုင်းရင်းသားဒေသတွေဆီ တိုက်ရိုက်ပေးပို့ဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တောင်းဆိုခဲ့ပါတယ်။

ဂျပန်သတင်းဌာနတခုရဲ့ မေးမြန်းမှုကိုတော့ စစ်ကောင်စီအနေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ စစ်တပ်အနေနဲ့ နိုင်ငံရးမှာ လုံးဝမပါဝင်ပါဘူးလို့ ကတိကဝတ်ပြုမှ စားပွဲဝိုင်းမှာ စေ့စပ်ဆွေးနွေးနိုင်မယ်လို့ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးက တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

မေ ၁၄ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးဦးရယ်နဲ့ ဂျပန်လွှတ်တော်နိုင်ငံခြားရေးရာဌာန ဒုတိယ အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

ဇော်ဇော်လှိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024