Home
အားကစား
မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူရန် ဘိုင်ယန်နှင့် အင်တာတို့ အပြိုင်ကြိုးပမ်း
DVB
·
May 15, 2024
BrunoFernandes_15052024

ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်အသင်းတို့ဟာ မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာပါတယ်။

ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ကျဆင်းလာတဲ့ အခြေအနေတွေအပေါ်  စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ဥရောပပြိုင်ပွဲဝင်ခွင့် မရခဲ့ဘူးဆိုရင် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနိုင်တယ်လို့ သိရပါတယ်။

ဖာနန်ဒက်စ်ရဲ့ အခြေအနေကို ဘိုင်ယန်နဲ့ အင်တာမီလန်တို့က စောင့်ကြည့်နေပြီး နွေရာသီ အပြောင်းအရွှေ့မှာ အပြိုင်ကမ်းလှမ်းလာနိုင်ကြောင်း The Independent သတင်းမှာ ဖော်ပြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်းရဲ့နောက်မှာ ဘရူနိုဖာနန်ဒက်စ်ကို ထားကစားဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ယူအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမဲ့ မှန်ကန်တဲ့ကမ်းလှမ်းမှု ရှိလာမယ်ဆိုရင် အသင်းပြောင်းရွှေ့နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013