Home
အားကစား
နယူးကာဆယ်နှင့်ပွဲစဉ်က သူ့နောက်ဆုံးနှုတ်ဆက်ပွဲ မဟုတ်ဟု တန်ဟတ်ဂ် ငြင်းဆို
DVB
·
May 15, 2024
TenHagManUted_15052024

နယူးကာဆယ်အသင်းနဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်က သူ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲ မဟုတ်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ငြင်းဆိုသွားပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။

အဲဒီပွဲစဉ်မှာ နည်းပြတန်ဟတ်ဂ်အတွက် လိဂ်နောက်ဆုံး နှုတ်ဆက်ပွဲစဉ်ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်ကြတဲ့အပေါ်မှာ မဟုတ်မှန်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။

လာမယ့် ရာသီအတွက်အစီအစဉ်တွေ ရှိသေးလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အမြဲတမ်း မေးနေကျမေးခွန်း ဖြစ်ပြီး အဖြေကတော့ အတူတူပဲလို့ နည်းပြတန်ဟတ်ဂ်က ပြန်လည်ဖြေကြားသွား ပါတယ်။

နည်းပြတန်ဟတ်ဂ်ဟာ နယူးကာဆယ်နဲ့ လိဂ်နောက်ဆုံးပွဲစဉ်အပြီးမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ ဆက်လက်ကစားရဦးမှာ ဖြစ်ပါတယ်။ 

Photo - REUTERS/Carl Recine

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013