Home
မြန်မာသတင်း
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း ကွယ်လွန်
DVB
·
May 13, 2024
KAUNG LAWN_13052024

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် အသက် ၆၂ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ မေ ၁၃ ရက်၊ ညနေ ၆ နာရီ၊ ၂၃ မိနစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

“သူက အသည်းရောဂါနဲ့ဆုံးသွားတာဖြစ်ပါတယ်။ ဖြစ်တာကတော့ ကြာပြီ။ ဆေးရုံသွားလိုက်၊ ဆေးစားလိုက်နဲ့ ဒီလုပ်ငန်းတွေ သူကထမ်းဆောင်နေတဲ့ အချိန်ကာလမှာပေါ့ အခုလိုမျိုး ဆုံးသွားတာဖြစ်ပါတယ်”  လို့ KIO/ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို အတည်ပြုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ မေလဆန်းပိုင်းမှာ ဆေးကုသမှုခံယူခဲ့ကာ ဌာနချုပ်ကို ပြန်အရောက် ၄ ရက်ဝန်းကျင်လောက်အကြာမှာ အခုလို ဆုံးပါးခဲ့တာလို့လည်း သူက ပြောပါတယ်။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းဟာ ၁၉၈၈ နောက်ပိုင်း KIA ကို ဝင်ရောက်ခဲ့တာလို့ သိရပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ဒုစစ်ဦးစီးချုပ်ရာထူးကနေ စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့်ခံရသူလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ မတ် ၂၀ ရက်မှာ ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို NUG ရဲ့ ကာကွယ်ရေး၀န်ကြီးနဲ့အတူ သွားရောက် စစ်ဆေးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013