ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး စိတ်ကြွဆေးပြား ၄၈၀၀၀၀ သိမ်းဆည်းရမိတယ်လို့ မယ်ဆိုင် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
မေလ ၁၁ ရက်ညက ထိုင်းကွန်မန်ဒိုတပ်ဖွဲ့ဝင်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေပေါင်းပြီး နယ်စပ်တလျှောက် တရားဥပဒေနဲ့ မညီညွတ်မှုတွေ လှည့်လည်စစ်ဆေးနေတာမှာ ည ၁၁ နာရီလောက်မှာတော့ မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းအုပ်စု ဘန့်ဖာမီကျေးရွာအနီး တောအုပ်ထဲ နယ်စပ်ကနေ အထုပ်တွေ သယ်ဆောင်ဝင်ရောက်လာတဲ့ မသင်္ကာဖွယ် လူ ၃ ယောက်မှ ၅ ယောက်လောက်ကို လှမ်းမြင်ရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ဆေးဖို့အတွက် ရပ်မိန့်ပေးလိုက်ရာမှာ တဘက်က ရပ်မပေးတဲ့အပြင် သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့တယ်၊ ဒါကြောင့် နှစ်ဘက် ၅ မိနစ်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အသံတွေ ငြိမ်သွားပေမဲ့ ညမှောင်နေတာကြောင့် ချက်ချင်းမစစ်ဆေးနိုင်ခဲ့ဘဲ အဲဒီနေရာတဝိုက်ကိုတာ ဝန်ရှိသူ ၂ စုခွဲပြီး စောင့်ကြပ်ခဲ့ပါတယ်။
မေ ၁၂ ရက်မနက် မိုးလင်းလို့ သွားရောက်စစ်ဆေးရှင်းလင်းရာမှာ ၁ အိတ်လျှင် စိတ်ကြွဆေးပြား ၁၂၀, ၀၀၀ ပါ ကျောပိုးအိတ်ပေါင်း ၄ လုံး စုစုပေါင်း ၄၈၀,၀၀၀ ကို သိမ်းဆည်းရမိပြီး ဒဏ်ရာရသေဆုံးသူတွေမရှိဘဲ ပိုင်ရှင်မဲ့အနေနဲ့ ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source - MAESAIP RESS