Home
နိုင်ငံတကာ
မိခင်များနေ့အထိမ်းအမှတ် ပုပ်ရဟန်းမင်းကြီးက မိခင်များကို ချီးကျူးဂုဏ်ပြု
DVB
·
May 13, 2024
PopeFrancis_13052024

မေ ၁၂ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မိခင်များနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မိခင်အားလုံးကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက  “အမေတွေအားလုံးရဲ့ ကျေးဇူးကို ဆပ်ချင်ရင် ကောင်းကင်ဘုံကို ရောက်သွားပြီဖြစ်တဲ့ မိခင်တွေအတွက်လည်း ဆုတောင်းပါတယ်။ မိခင်အားလုံးကိုလည်း မယ်တော်မာရီထံမှာ ယုံမှတ်အပ်နှံပါတယ်။ မိခင်အားလုံးကိုလည်း အကြီးအကျယ် ချီးကျူးပါတယ်” လို့ အပတ်စဉ်ကျင်းပတဲ့ ရဂျီးနားကဲလီ ဆုတောင်းပွဲမှာ မိန့်ကြားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဉာဏ်ရည်တုနဲ့ နှလုံးသားရဲ့ ဉာဏ်ပညာ ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ကမ္ဘာ့ လူမှုဆက်ဆံရေးနေ့ကိုလည်း ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုခဲ့ပါတယ်။

အယူဝါဒဆိုင်ရာ ပဲ့တင်သံ အကျဉ်းခန်းတွေထဲမှာ အကျဉ်းကျနေမယ့် လူတွေ၊ ဇာတ်လမ်းအတုတွေနဲ့ အမှန်တရားကို ဖျက်ဆီးနှောင့်ယှက်နိုင်တဲ့ အသိအမြင် ညစ်ညမ်းမှု အန္တရာယ်ကို သတိပေးရင်း ပုပ်ရဟန်းမင်းကြီးက ဉာဏ်ရည်တု (AI) အတွက် သူ့ရဲ့ မျှော်လင့်ချက်နဲ့ အကြောက်တရားတွေအကြောင်းကို ဇန်နဝါရီလက ထုတ်ပြောခဲ့ဖူးပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဉာဏ်ရည်တုတွေကို စည်းကြပ်ဖို့ နိုင်ငံတကာ သဘောတူညီချက်တရပ် တရားဝင်ချမှတ်ရေး ဆော်ဩခဲ့ပါတယ်။

ပြဿနာဖြေရှင်းတဲ့ နည်းစနစ်တွေဟာ လူသားရဲ့တန်ဖိုးကို အစားထိုးခွင့် မပြုသင့်ဘဲ လူသားရဲ့တည်ရှိမှုကို ခြိမ်းခြောက်တဲ့ နည်းပညာ အာဏာရှင်စနစ်တရပ် မပေါ်လာဖို့လည်း ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013