ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ စီးပွားရေးဆိုင်ရာ ဒုဝန်ကြီးချုပ်ဟောင်း အရပ်သား အန်ဒရေ ဘေလိုဆော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် လျာထား အဆိုပြုလိုက်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က မေ ၁၂ ရက်မှာ ကြေညာပါတယ်။
၂၀၁၂ ခုနှစ်တည်းက ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ပူတင်ရဲ့ ရေရှည်မဟာမိတ်ဖြစ်တဲ့ ဆာဂီ ရွှိုင်ဂူကတော့ တာဝန်ထမ်းဆောင်ဆဲ နီကိုလိုင် ပါထရူးရှက်ဖ်ရဲ့ နေရာမှာ အစားထိုးပြီး ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဖြစ်လာမယ်၊ ရွှိုင်ဂူဟာ စစ်ရေးဆိုင်ရာ စက်မှုလုပ်ငန်း စုပေါင်းရုံးအတွက် တာဝန်ရှိသူအဖြစ်လည်း ပူးတွဲတာဝန်ရှိတယ်လို့ ကရင်မလင်က ဆိုပါတယ်။
ပူတင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို အတွေးအခေါ်သစ်တွေအတွက် လမ်းဖွင့်ထားတာ လိုချင်လို့ ရွှိုင်ဂူကို အစားထိုးခဲ့တာလို့လည်း ကရင်မလင်နန်းတော်က ကြေညာခဲ့ပါတယ်။
ရုရှားစစ်ဦးစီးအရာရှိချုပ် ဗလေရီဂျေရာစီမော့ဗ်နဲ့ ဝါရင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ် တို့ကတော့ သူတို့ရာထူးတွေမှာ အသီးသီး ဆက်တည်မြဲနေတယ်လို့ ကရင်မလင်က ပြောပါတယ်။
Source/Photo - Reuters