Home
နိုင်ငံတကာ
ကမ္ဘာ့ပထမဆုံး ဝက်ကျောက်ကပ်အစားထိုးသူ ၂ လအကြာတွင် ကွယ်လွန်
DVB
·
May 13, 2024
pig kidney dies FristHuman_13052024

နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ အမျိုးသားတဦးဟာ အခုနှစ်အစောပိုင်းမှာ ကမ္ဘာပထမဆုံး မျိုးဗီဇပြင်ထားတဲ့ ဝက်ကျောက်ကပ် အစားထိုးသူ ဖြစ်လာခဲ့ပြီးတဲ့နောက် နှစ်လအကြာမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဘော်စတွန် မက်ဆာချူးဆက် အထွေထွေဆေးရုံကြီးက ထုတ်ပြန်ပါတယ်။

မစ္စတာရစ်ဆလေမန် ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ ဆေးရုံခွဲစိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ သေဆုံးမှုဟာ မကြာသေးမီက ခွဲစိတ်မှုရဲ့ ရလဒ်လို့ ဆိုနိုင်တဲ့အချက်မျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

အသက် ၆၂ နှစ်အရွယ် ဆလေမန်ကို မတ်လအတွင်းမှာ  လေးနာရီကြာ ခွဲစိတ်အစားထိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဆလေမန်ဟာ ၇ နှစ်ကြာ ကျောက်ကပ်ဆေးနေခဲ့ရပြီး ၂၀၁၈ မှာ လူသားကျောက်ကပ် အစားထိုးခဲ့ဖူးပါတယ်။ ဒါပေမဲ့ နောက် ၅ နှစ်အကြာမှာ ကျောက်ကပ်ပြန်ချို့ယွင်းသွားပြီး ကျောက်ကပ်ပြန်ဆေးခဲ့ရပါတယ်။

လက်ခံတဲ့လူသားအတွက် အန္တရာယ်ရှိနိုင်တဲ့ မျိုးဗီဇတွေကို ဖယ်ရှားဖို့ ဗီဇပြောင်းထားတဲ့ ဝက်တကောင်ရဲ့ ကျောက်ကပ်ကို eGenesis အဖွဲ့က ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီကျောက်ကပ်မှာ လူသားနဲ့ ကိုက်ညီမှုရှိအောင်ပါ ပြုပြင်ထားတာဖြစ်ပြီး လူသားကို ကူးစက်နိုင်တဲ့ ဝက်ရဲ့ ဗိုင်းရပ်စ်တွေပါ ဖယ်ရှားထားတာ ဖြစ်ပါတယ်။

eGenesis အဖွဲ့က အလားတူ မျိုးဗီဇပြင် မွေးမြူထားတဲ့ ဝက်တွေက ကျောက်ကပ်ကို မျောက်တွေမှာလည်း အစားထိုးပေးခဲ့ဖူးပြီး ပျမ်းမျှ ၁၇၆ ရက်အထိ အသက်ရှည်ခဲ့ပါတယ်။ မျောက်တကောင်ဆိုရင် ၂ နှစ်ကျော်အထိ အသက်ရှည်ခဲ့တယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013