အာဆင်နယ်အသင်းကို ပေးလိုက်ရတဲ့သွင်းဂိုးအတွက် မန်ယူကွင်းလယ်ကစားသမား ကတ်စမဲရိုးကို နည်းပြ ဝိန်းရွန်းနီက ဝေဖန်သွားပါတယ်။
ကတ်စမဲရိုးဟာ အာဆင်နယ်က ထရော့ဆတ် သွင်းယူခဲ့တဲ့ ဂိုးမှာ လူကျွံဘောမဖမ်းဘဲ အနောက်မှာ ကျန်နေခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာပါ။
အင်္ဂလန်နဲ့ မန်ယူတိုက်စစ်မှူးဟောင်းဖြစ်သူ ဝိန်းရွန်းနီကတော့ ကတ်စမဲရိုးဟာ ပျင်းရိလေးတွဲစွာ ကစားခဲ့ပြီး အသင်းဖော်တွေအားလုံး ရှေ့တက်ပြီး လူကျွံဘောဖမ်းခဲ့ပေမဲ့ အဲဒီလိုလိုက်ပြီး မလုပ်ဆောင်ခဲ့တာကြောင့် ဂိုးပေးလိုက်ရတာဖြစ်ကြောင်း ဝေဖန်ပါတယ်။
ကွင်းလယ်ကစားသမားပဲဖြစ်ဖြစ်၊ ဗဟိုနောက်ခံလူပဲဖြစ်ဖြစ် လူကျွံဘောဖမ်းချိန်မှာ ရှေ့ကို လိုက်တက်ဖို့လိုအပ်ပြီး အဲဒီလိုလုပ်ဆောင်ဖို့ အဆင်သင့် မဖြစ်ခဲ့ရင်တော့ ပေးဆပ်သွားရမှာ ဖြစ်ကြောင်းရွန်းနီက ဝေဖန်ပါတယ်။
ကတ်စမဲရိုးဟာ ပြီးခဲ့တဲ့တပတ်က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာလည်း အမှားအယွင်း များခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံခဲ့ရပါတယ်။
Photo - Reuters