ချန်ပီယံဖြစ်ဖို့အတွက် မန်စီးတီးရဲ့လက်ကျန်ပွဲစဉ်တွေကို စောင့်ကြည့်သွားရမယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
မန်ယူအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်က မန်စီးတီးထက် တပွဲပိုကစားပြီး တမှတ်အသာနဲ့ အဆင့်တစ်နေရာ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာပါ။
မန်စီးတီးက လက်ကျန်နှစ်ပွဲမှာ စပါး၊ ဝက်စ်ဟမ်းအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲစဉ်နှစ်ပွဲက အာဆင်နယ် အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်အတွက် အဆုံးအဖြတ် ဖြစ်စေမှာပါ။
ချန်ပီယံဖြစ်ဖို့ဆိုရင် မန်စီးတီး အသင်းရဲ့ရလဒ်တွေကအရေးပါတာကြောင့် စောင့်ကြည့်သွားမှာ ဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့လည်း လိုအပ်မယ်လို့ နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကတော့ မန်စီးတီးနဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့ ပရိသတ် လုပ်သွားမှာဖြစ်ကြောင်း အရွှန်းဖောက်ပြီး ပြောသွားပါတယ်။
Photo - REUTERS/Carl Recine