Home
မြန်မာသတင်း
ပုလဲက မီးဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
DVB
·
May 12, 2024
Pearl FireVictims Supports 1_12052024
Pearl FireVictims Supports 2_12052024
Pearl FireVictims Supports 3_12052024
Pearl FireVictims Supports 4_12052024
Pearl FireVictims Supports 6_12052024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အိုင်ရောင်းကျေးရွာက မီးဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။

မေ ၁၂ ရက်နေ့ မနက်ပိုင်းမှာ အိုင်ရောင်းကျေးရွာက မီးဘေးသင့်အိမ်ခြေ ၁၂၀ အတွက် မီးဖိုချောင်သုံး ပစ္စည်း၊ စောင်၊ ခြင်ထောင်တို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “တအိမ်ထောင်ကို ပစ္စည်း ၁၅ မျိုးနှုန်းပေါ့။ ထမင်းဟင်းချက်စားဖို့ အိုးတွေက အစ အိမ်အသုံးအဆောင်ပစ္စည်းတွေရောပေါ့။ တအိမ်ထောင်ကို ၅၄,၀၀၀ နှုန်းနဲ့ အိမ်ထောင်စု ၁၂၀ အတွက် ၆၅ သိန်းကုန်ခဲ့ပါတယ်” လို့ ပြောပါတယ်။

အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ အိုင်ရောင်းကျေးရွာဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မီးလောင်ခဲ့ပြီး လူနေအိမ် ၁၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ရွာခံ ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နေထိုင်စားသောက်ရေးအတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အကူအညီပေးနေသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013