မေ ၁၁ ရက်မှာ ဒုတိယနေ့အဖြစ် ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး ရွာငါးရွာ သိမ်းပိုက်မိတယ်လို့ ရုရှားဘက်က ထုတ်ပြန်ပါတယ်။
ယူကရိန်းကတော့ တိုက်ခိုက်မှုတွေကို တွန်းလှန်နေပြီး နယ်မြေထိန်းချုပ်ရေး တိုက်ပွဲဝင်နေဆဲလို့ ထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံဟာ သံချပ်ကာတပ်တွေ သုံးပြီး မေ ၁၀ ရက်မှာ စစ်မျက်နှာသစ် စဖွင့်ခဲ့ပါတယ်။
ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ် ရှိတဲ့ ဒေသကို ထိုးစစ်ဆင်ခြင်းအားဖြင့် ခံစစ် ဖြန့်ကြက်ထားတဲ့ ယူကရိန်းတပ်တွေအတွက် ပိုခက်ခဲလာစေခဲ့ပါတယ်။ ယူကရိန်းဟာ စစ်မြေပြင်မှာ အရေးမလှဖြစ်နေတာ လနဲ့ချီတဲ့အချိန်မှာ လူအင်အားနဲ့ လက်နက်ကြီး မလုံလောက်တဲ့ ပြဿနာကို အခွင့်ကောင်းယူပြီး တောင်ဘက် ဒွန်ညက်စ်ဒေသမှာလည်း တဖြည်းဖြည်းချင်း ရှေ့တိုးလာနေပါတယ်။
မော်စကိုတပ်တွေဟာ ရုရှား ဘယ်လ်ဂိုရော့ဒ်ဒေသရဲ့ တဖက်ခြမ်း ယူကရိန်းနယ်စပ်ကို ဖြတ်ပြီး ရွာငါးရွာ သိမ်းနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ဒါပေမဲ့ ခါကိဗ်အုပ်ချုပ်ရေးမှူးကတော့ အဲဒီနယ်စပ်ရွာငါးရွာစလုံးကို နယ်မြေထိန်းချုပ်ရေး တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
Source/Photo - Reuters