ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယာလေဗာကူဆင်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံ ၄၉ ပွဲဆက်တိုက် ရှုံးပွဲလုံး၀မရှိသေးတဲ့ ပထမဆုံးဥရောပ အသင်းအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဖြစ် ရိုးမားအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း လေဗာကူဆင်အသင်းနောက်ခံလူ ယိုဆစ်ပ်စတန်နီစစ်က ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ချေပဂိုးကိုသွင်းယူခဲ့တာကြောင့် အခုလိုစံချိန်တင်နိုင်ခဲ့တာပါ။
လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကတော့ "ဒီစံချိန်ဟာ အချိန်တန်ရင်အဆုံးသတ် သွားမှာဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာ မဖြစ်ဖို့တော့ မျှော်လင့်မိပေမဲ့လည်း ဒါဟာ ဘောလုံးလောကပါ"လို့ မှတ်ချက်ပေးပါတယ်။
၂၀၂၂ - ၂၃ ရာသီအပိတ်ပွဲစဉ်အဖြစ် VfL-ဘိုဟမ်ခ် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လေဗာကူဆင်အတွက် နောက်ဆုံးရှုံးပွဲ ဖြစ်ပါတယ်။
လောလောဆယ်မှာ လေဗာကူဆင်က ဖလား ၃ လုံး လမ်းကြောင်းပေါ် ဆက်ရှိနေသေးပြီး ဂျာမန်ပြည်တွင်းလိဂ် ဘွန်ဒက်စ်လီဂါဆုကို သိမ်းပိုက်ထားပြီးဖြစ်သလို အသင်းသမိုင်း တလျှောက် ပထမဆုံးအကြိမ် ဆုဖလားရရှိမှုလည်းဖြစ်ပါတယ်။
ဒါကြောင့် DFB ပိုကယ်ဖလားဖိုင်နယ်ပွဲစဉ်အဖြစ် ကိုင်ဆာစလော့တန်အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုအတွက် အတ္တလန်တာအသင်းတို့ကို လေဗာကူဆင်က ရင်ဆိုင်ကစားသွားရဖို့ ရှိနေပါတယ်။
Photo - Reuters