Home
နိုင်ငံတကာ
ဘရာဇီးရေကြီးမှု သေဆုံးသူ ၁၀၇ ဦးထိရှိလာ (ဓာတ်ပုံ) 
DVB
·
May 10, 2024
bra 5 jpg
Flooding due to heavy rains in the city of Encantado
A drone view of the flooded area around the market in Porto Alegre
Flooding due to heavy rains in Rio Grande do Sul
bra 1

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် သေဆုံးသူ ၁၀၇ ဦးထိ မြင့်တက်လာတယ်လို့  တာဝန်ရှိသူတွေက မေ ၉ ရက်မှာ ပြောပါတယ်။

ရဟတ်ယာဉ်တွေ၊ စက်လှေတွေသုံးပြီး ကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပြီး ရီယိုဒီဂရန်ဒီ ဒူဆိုးလ်ပြည်နယ်မှာ အပျက်အစီးတွေ ပြန်လည်ထူထောင်ဖို့ ရီယာစ် ၁၉ ဘီလီယံ (ဒေါ်လာ ၃ ဘီလီယံခွဲကျော်) သုံးရမယ်လို့ ခန့်မှန်းထားပါတယ်။

ဘေးသင့်ကာလမှာ ငိုအားထက် ရယ်အားသန်ခဲ့ရတာကတော့ တမြို့လုံး ရေမြုပ်နေတဲ့ မြို့တမြို့မှာ ခေါင်မိုးပေါ်မှာ နှစ်ရက်လောက် ပိတ်မိနေတဲ့ မြင်းတကောင်ကို ကယ်ဆယ်ခဲ့တဲ့ ဖြစ်စဉ်ပါ။

ခေါင်မိုးပေါ်ရောက်နေတဲ့မြင်းကို မီးသတ်သမားတွေက ဖမ်းယူပြီး လှေပေါ်တင်ကာ သယ်ဆောင်သွားတဲ့ ရုပ်သံမှတ်တမ်းတွေက ရေကြီးမှုအခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတာကို ဖော်ပြနေသလို ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အားထုတ်မှုကိုလည်း သက်သေပြနေပါတယ်။

ပြည်နယ်မြို့တော် ပေါ်တိုအလီဂရီနဲ့ အနားကမြို့ကလေးဟာ မြစ်ကြီးတွေလို ဖြစ်သွားတဲ့အထိ ရေလွှမ်းနေချိန်မှာ မိုးကလည်း ဆက်ရွာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

လူ ၁၃၆ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေလွှမ်းသွားတဲ့ အိမ်တွေကနေ လူ ၁၆,၅၀၀ နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013