Home
နိုင်ငံတကာ
ရုရှား ဘတ်စ်ကား ၂ စီးကို ယူကရိန်း တိုက်ခိုက်၊ ၆ ဦး သေဆုံးပြီး ၃၅ ဦးဒဏ်ရာရ
DVB
·
May 7, 2024
Ukrainian drones kill six, injure 35 in Russia's Belgorod region, governor says

ရုရှားနိုင်ငံ ဘဲလ်ဂရော့ဒ်ဒေသမှာ အလုပ်သွားကြမယ့်လူတွေ စီးနင်းလာကြတဲ့ ဘတ်စ်ကား ၂ စီးကို ယူကရိန်း မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၆ ဦး သေဆုံးပြီး တခြား ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဗီယိချက်စ်လာ့ဗ် ဂလာ့ဒ်ကို့ဗ်က မေ ၆ ရက်မှာ ပြောပါတယ်။

တိုက်ခိုက်မှုဟာ ဘီရိဇော့ဗ်ကာ ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဂလာ့ဒ်ကို့ဗ်က ပြောကြားခဲ့ပြီး ကားပြတင်းမှန်တွေ ပွင့်ထွက်ကျိုးပျက်နေတဲ့ ဘတ်စ်ကားတစီးရဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲက အမျိုးသားတဦးဟာ အခြေအနေပြင်းထန်ပြီး ကလေးနှစ်ဦးမှာ အပေါ်ယံဒဏ်ရာတွေ ရရှိထားကြောင်း အုပ်ချုပ်ရေးမှူး ဂလာ့ဒ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘဲလ်ဂရော့ဒ်ဒေသကို ပြီးခဲ့တဲ့နှစ်အတွင်း ယူကရိန်း အမြောက်တပ်တွေ၊ ဒရုန်းတွေနဲ့ proxy တွေက အကြိမ်ကြိမ် တိုက်ခဲ့ပါတယ်။

ရုရှားဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။

ကိယက်ဗ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားခြင်းကို ငြင်းဆိုထားပြီး ယူကရိန်းဟာ ရုရှားကို ဒဏ်ခတ်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။

ရုရှားကလည်း အနောက်နိုင်ငံတွေဟာ အရပ်သားတွေအပေါ် ယူကရိန်း တိုက်ခိုက်မှုတွေကိုတော့ လျစ်လျူရှုတယ်လို့ ဆိုထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013