၂၀၂၄ ခုနှစ်အတွက် ပူလစ်ဇာဆုတွေ ကြေညာခဲ့ရာမှာ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်တိုင်းမ် သတင်းစာတို့က ဂျာနယ်လစ်ဇင်ပူလစ်ဇာဆု ၃ ဆုစီနဲ့ အများဆုံး ဆွတ်ခူးခဲ့ပါတယ်။
ရိုက်တာသတင်းဌာနကတော့ Breaking News ဓာတ်ပုံဆုကို အစ္စရေး ဂါဇာ ပဋိပက္ခ ဓာတ်ပုံတွေနဲ့ ဆွတ်ခူးခဲ့သလို ပြည်တွင်းသတင်းတင်ဆင်မှုဆုကိုလည်း အီလွန်မတ်စ်ခ်ရဲ့ ကုန်ထုတ်လုပ်ရေး အင်ပါယာကြီးအကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ သတင်းတင်ဆက်မှုတွေနဲ့ ဆွတ်ခူးပါတယ်။
အဓိကအကျဆုံးဆုတခုဖြစ်တဲ့ ပြည်သူ့ဝန်ဆောင်မှုဆုကိုတော့ ProPublica သတင်းဝက်ဘ်ဆိုက်က စုံစမ်းရေးသားထားတဲ့ အမေရိကန်တရားရုံးချုပ် တရားသူကြီးတွေရဲ့ မဖော်ပြတဲ့လက်ဆောင်နဲ့ ခရီးစဉ်ရယူမှုတွေအကြောင်း သတင်းဆောင်းပါးက ဆွတ်ခူးသွားပါတယ်။
၁၉၁၇ ကတည်းက နှစ်စဉ်ချီးမြှင့်တဲ့ ပူလစ်ဇာဆုတွေဟာ အမေရိကန် ဂျာနယ်လစ်လောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုအဖြစ် အသိအမှတ်ပြုခံရပါတယ်။
အေပီသတင်းဌာနကတော့ အမေရိကန်ကို ရွှေ့ပြောင်းအခြေချမှုတွေအကြောင်း တင်ဆက်ထားတဲ့ ဓာတ်ပုံတွေနဲ့ သတင်းဆောင်းပါးဓာတ်ပုံဆု ရခဲ့ပါတယ်။
ပူလစ်ဇာဆုကို ဂျာနယ်လစ်ဇင်ကဏ္ဍအတွက် ၁၅ ဆု ချီးမြှင့်သလို စာအုပ်၊ ဂီတနဲ့ ပြဇာတ်အတွက် ၈ ဆု ချီးမြှင့်ပါတယ်။
ပြည်သူ့ဝန်ဆောင်မှုဆု ရရှိသူဟာ ရွှေတံဆိပ်ဆု ရရှိပါတယ်။ ကျန်ဆုရသူအားလုံးကတော့ ဒေါ်လာ ၁၅,၀၀၀ စီ ရရှိပါတယ်။ ဆုတွေကို ကိုလံဘီယာတက္ကသိုလ်က ကြီးကြပ်ပါတယ်။
သတင်းစာထုတ်ဝေသူ ဂျိုးဇက် ပူလစ်ဇာက ၁၉၁၁ ကွယ်လွန်ချိန်မှာ ဆုတွေပေးအပ်ဖို့နဲ့ ကိုလံဘီယာတက္ကသိုလ်မှာ ဂျာနယ်လစ်ဇင်ကျောင်းဖွင့်ဖို့ ရန်ပုံငွေထားရှိခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters