ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူးလီဝန်ဒေါစကီးရဲ့နေရာမှာ လီဗာပူးက ဒါဝင်နူညက်ဇ်နဲ့ အစားထိုးဖို့ ကြိုးပမ်းနေပါတယ်။
လီဝန်ဒေါစကီးဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး လုပ်လစာ အများဆုံးရရှိတဲ့ ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် လုပ်ခလျှော့ချလိုတဲ့ ဘာစီလိုနာက အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာပါ။
The Sun သတင်းစာရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့အတွက် လုပ်ခမြင့်မားစွာ ပေးချေနေရတဲ့ လီဝန်ဒေါစကီးကို ရောင်းချပြီး နူညက်ဇ်ကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးမှာ တပတ်လုပ်ခ ပေါင် ၁၄၀၀၀၀ ဝန်းကျင်ရရှိနေပြီး ဘာစီလိုနာဘက်က ပေးချေနိုင်တဲ့ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။
ဘာကာအနေနဲ့ နူညက်ဇ်အတွက် လီဗာပူးဘက်က တောင်းဆိုလာမယ့် ပြောင်းရွှေ့ကြေး ပမာဏကိုတော့ အကြိတ်အနယ်ဆွေးနွေး ညှိနှိုင်းရနိုင်တယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
Photo - REUTERS/Albert Gea