Home
မြန်မာသတင်း
စကားဝိုင်းတွင်ဆွေးနွေးရန် မဖြစ်နိုင်တော့သဖြင့် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု SSPP/SSA ကြေညာ
DVB
·
May 4, 2024
SSA2_4052024
SSA_04052024

စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့  နိုင်ငံရေး စားပွဲဝိုင်းမှာ အဖြေရှာတဲ့ နည်းလမ်း မရှိတော့တာကြောင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ရတော့မယ်လို့  ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)  ကြေညာလိုက်ပါတယ်။

၏စစ်အာဏာရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အခြေအနေလုံးဝမပေးနိုင်တော့တဲ့အဆုံး လက်နက်ကိုင် တော်လှန်မယ့်လမ်းစဉ်ကို ရွေးချယ်ခဲ့ရတာလို့ SSPP/SSA ဒုတိယ ဥက္ကဋ္ဌ  ဒု ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောပါတယ်။

“နိုင်ငံရေးကို နိုင်ငံရေးလမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကတည်းကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပြီဖြစ်တယ်။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံ စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလည်း  မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စားပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်ခဲ့တယ်။”

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်ရဲ့ ဦးဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အပါအဝင် ပြည်သူလူထုအားလုံး ကြိုးစားတိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/ SSA) ဟာ ကျေးသီးမြို့နယ် ဝမ်ဟိုင်း ဒေသကို ဗဟိုပြုပြီး ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ စစ်တပ်နဲ့ ရံဖန်ရံခါတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်လာချိန်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်မယ်လို့ (SSPP/ SSA)  ကြေညာခဲ့တာဖြစ်ပြီး  နောက်ထပ်ရှမ်းတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ်မတော် တောင်ပိုင်း ( RCSS / SSA) အဖွဲ့ဟာလည်း စစ်ကောင်စီနဲ့ နေပြည်တော်မှာသွားရောက်တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013