မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခြင်း မရှိတာကြောင့် ဟွိုက်လန်းကို အစားထိုး ခေါ်ယူခဲ့တာဖြစ်ကြောင်း နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ဟယ်ရီကိန်းဟာ မန်ယူအသင်းနဲ့ အဆင်မပြေခဲ့တာကြောင့် ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။
ဟယ်ရီကိန်းကို ခေါ်ယူဖို့ မစွမ်းဆောင်နိုင်ခဲ့တာကို နည်းပြ တန်ဟတ်ဂ်က ဝန်ခံခဲ့ပြီး ကိန်းလို တိုက်စစ်မှူးက တရာသီမှာ သွင်းဂိုး ၃၀ လောက် သွင်းယူပေးမဲ့ တိုက်စစ်မှူးဖြစ်တယ်လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ဒါပေမဲ့ အစားထိုးခေါ်ယူခဲ့တဲ့ ဟွိုက်လန်းဟာလည်း ခြေစွမ်းတိုးတက်မှုတွေ ရှိလာဦးမှာဖြစ်ပြီး အသားကျဖို့ အချိန်တခုတော့ လိုအပ်တယ်လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ဒါပေမဲ့ ဟယ်ရီကိန်းနဲ့ ဟွိုက်လန်းတို့က မတူညီတဲ့ ကစားသမားဖြစ်တယ်လို့ နည်းပြ တန်ဟတ်ဂ် က ပြောပါတယ်။
Photo-Reuters