ဖိလစ်ပိုင်မြောက်ပိုင်းမှာ မိုးခေါင်ရေရှားပြီး ဆည်ခန်းခြောက်သွားတဲ့အတွက် ရာစုနှစ်ချီကြာပြီဖြစ်တဲ့ မြို့ဟောင်းကြီး ပြန်ပေါ်လာခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
စပါးစိုက်ပျိုးမှုအပေါ် အဓိက မှီခိုနေရတဲ့ ဒေသခံတွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရုံသာမက အပိုဝင်ငွေရှာပေးနိုင်တဲ့ ကိစ္စတခုလည်း ဖြစ်လာပါတယ်။
ကာလရှည် မိုးနည်းတာကြောင့် ဆည်ကြီးက ခန်းသွားပြီးနောက်မှာ မြုပ်နေတဲ့ ဘုရားကျောင်းကြီးနဲ့ တခြား ခေတ်ဟောင်းအဆောက်အအုံ အုတ်ရိုးတွေ ပြန်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားကို ဒီကျွန်းကို ပို့ပေးပြီး ဒေသခံအချို့တော့ ဝင်ငွေကောင်းနေကြပါတယ်။
“အရင်တုန်းက ငါးဖမ်းတာ ပီဆို ၂၀၀ (၃ ဒေါ်လာခွဲ) ပဲရတယ်။ အခု ခရီးသွားတွေ ရောက်လာကြတော့ တနေ့ကို ပီဆို ၁,၅၀၀ ကနေ ၁,၈၀၀ ကြား ရတယ်လို့” ငါးဖမ်းသမား နယ်လ်ဆင် ဒါလယ်ရာက ဆိုပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ဆည်ဆောက်ဖို့ မြို့ဟောင်းကို ရွှေ့ပစ်ခဲ့တာ ဖြစ်ပါတယ်။
အခု အဲဒီဆည်ကြီးက နျူအေးဗားစီဟာပြည်နယ်နဲ့ အနီးက ပြည်နယ်တွေရဲ့ ရေသွင်းစိုက်ပျိုးမှုနဲ့ ရေအရင်းမြစ်အတွက် အဓိကရင်းမြစ် ဖြစ်ပါတယ်။ အခုနွေရာသီမှာတော့ ပူပြင်းလွန်းလို့ ဆည်ကြီးခန်းခြောက်သွားတာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ အလွန်အမင်း ပူပြင်းမှုဒဏ် ရင်ဆိုင်နေရပါတယ်။
Source/Photo-Reuters