အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံမှာ စံချိန်တင် မုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက် သီတင်းပတ်တွေအတွင်း နိုင်ငံရဲ့ ဒေသသီးသီးမှာ မိုးသည်းထန်စွာ ရွာသွန်းနေလို့ မေ ၂ ရက် မှာ တာဝန်ရှိသူတွေက ကျောင်းတွေနဲ့ တက္ကသိုလ်တွေအတွက် အဝေးသင် သင်ကြားမှုကို အကောင် အထည်ဖော်ရင်း စီးပွားရေးလုပ်ငန်းတွေကိုလည်း အဝေးကနေ လုပ်ဖို့ အကြံပေးခဲ့ပါတယ်။
မတည်ငြိမ်တဲ့ ရာသီဥတုအခြေအနေကြောင့် နိုင်ငံရဲ့ ဒေသတချို့ကို ထိခိုက်နိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အတည်မပြုနိုင်တဲ့ ရာသီဥတု အခြေအနေကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ၅ ခုကို ညတွင်းချင်း လမ်းကြောင်းပြောင်းခဲ့ပြီး ဆိုက်ရောက် လေယာဉ်ခရီးစဉ် ၉ ခုနဲ့ ပြည်ပထွက်ခွာ လေယာဥ်ခရီးစဉ် ၄ ခုကို ဖျက်သိမ်းခဲ့တယ်လို့ အတည်ပြု ခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံ UAEမှာ ဧပြီ ၁၆ ရက်က စံချိန်တင်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားမှာ လေကြောင်းသွားလာမှု ရပ်တန့်သွားပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ရုံးတွေ အိမ်တွေမှာ နေထိုင်သူတွေ ပိတ်မိနေခဲ့ပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ကွေ့ဒေသရဲ့ အစိတ်အပိုင်းတွေမှာ ရေလွှမ်းမိုးမှု အန္တရာယ် ပိုများလာနေတာပါ။
အပူချိန်တွေနဲ့ စိုထိုင်းဆတွေ မြင့်တက်လာနိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ မိုးသည်းတာကို ရင်ဆိုင်ဖို့ ရေနုတ်မြောင်းတွေလို အခြေခံအဆောက်အအုံမရှိတဲ့ UAE လိုနိုင်ငံတွေမှာ ပြဿနာ ပိုမိုဆိုးရွားလာနိုင်တယ်လို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source/Photo - Reuters