
လာမယ့် ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်တဲ့ နိုင်ငံလက်ရွေးစင်အသင်း ၃ သင်းကို နည်းပြမော်ရင်ညိုက ရွေးချယ်သွားပါတယ်။
ပေါ်တူဂီနည်းပြဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ရိုးမားအသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အတောင်းတင်းဆုံးအသင်းတွေက ပေါ်တူဂီ၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ဖြစ်ပြီး မထင်မှတ်တာတွေလည်း ဖြစ်နိုင်ကြောင်းမောင်ရင်ညိုကပြော ပါတယ်။
ဒါပေမဲ့ ကစားသမားအင်အားနဲ့ အရည်အချင်းအရ ပေါ်တူဂီအသင်းက ချန်ပီယံဖြစ်နိုင်ကြောင်း မော်ရင်ညိုက ပြောပါတယ်။
ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့အသင်းစာရင်းမှာတော့ အင်္ဂလန်အသင်းက နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး ပြင်သစ်၊ ဂျာမနီနဲ့ ပေါ်တူဂီတို့က အစဉ်လိုက်ရပ်တည် နေပါတယ်။
Photo-Reuters