Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် လေပြင်းကြောင့် စေတီ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်အများအပြား ပျက်စီး
DVB
·
May 2, 2024
SagaingWindy 3_02052024
SagaingWindy 2_02052024
SagaingWindy 4_02052024
SagaingWindy 5_02052024
SagaingWindy 6_02052024
SagaingWindy 7_02052024
SagaingWindy 8_02052024

စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ ဒီပဲယင်း၊ ဆားလင်းကြီးမြို့နယ်တွေမှာ မေ ၁ ရက် ညနေက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ် အများအပြား ပျက်စီးခဲ့​တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမြို့ပေါ် ဒေသခံတဦးက “မုံရွာမြို့ပေါ်မှာကို လေက အတော်ကြမ်းတယ်။ ၁ နာရီနီးပါးလောက် တိုက်သွားတာ။ အိမ်အမိုးတွေ လန်ကုန်ကြတယ်။ ဆိုင်းဘုတ်တွေ ပြုတ်ကျ၊ သစ်ပင်တွေလဲ၊ ဓာတ်တိုက်တွေ ကျိုးကျကုန်တယ်။ ဒီမြို့နယ်ထဲက လေကြောင်းသင့်တဲ့ ရွာတွေမှာလည်း ပျက်စီးမှုတွေ ရှိနိင်တယ်” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ် လမ်းမကြီးတွေမှာ ကျိုးကျနေတဲ့ သစ်ပင်ကြီးတွေကို မြို့ခံပရဟိတအဖွဲ့တွေက ရှင်းလင်းဆောင်ရွက်ပေးနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက သရက်ကန်၊ တည်တော၊ ကိုင်းကန်၊ မြင်းတန်းနဲ့ မအုံးရွာတွေက နေအိမ် အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စစ်ဘေးရှောင်ထောက်ပံ့ရေးအဖွဲ့၀င်တဦးက “သရက်ကန်ရွာဆို အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးတယ်။ စစ်တပ်က မီးရှို့ခံထားရတဲ့ ကိုင်းကန်ရွာဆို ရွာလုံးကျွတ် ပျက်စီးသွားတယ်။ ဘုရားတွေလည်း ပြိုကျ၊ ဘုန်းကြီးကျောင်းတွေလည်း အမိုးတွေ လန်ကုန်တယ်”လို့  ပြောပါတယ်။

လေပြင်းတိုက်ခိုက်လို့ လူနေအိမ်တချို့နဲ့ စစ်ဘေးရှောင်တွေနေတဲ့ အဆောက်အအုံတွေလည်း ပျက်စီးသွားခဲ့​တယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့၀င်တဦးက “ဆားလင်းကြီးမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကို လေပြင်းတိုက်ခဲ့တာဆိုတော့ အဲဒီဘက်က ကျေးရွာတွေ ထိတာပေါ့။ စစ်ရှောင်တွေလည်း ရှိတယ်။ သူတို့နေတဲ့စစ်ရှောင်တဲ တချို့လည်း ပျက်စီးတာတွေ ရှိတယ်”လို့ ပြောပါတယ်။

အခုလို လေပြင်းတိုက်ခတ်မှုကြောင့် လူနဲ့ တိရစ္ဆာန် သေဆုံးဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013