Home
နိုင်ငံတကာ
အိမ်တွင်းအကြမ်းဖက်မှုမှ ထွက်ပြေးလာသူများကို သြစတြေးလျက ငွေကြေးထောက်ပံ့မည်
DVB
·
May 1, 2024
Australia to police internet porn, spend $600 mln on domestic violence victims

သြစတြေးလျအစိုးရဟာ အိမ်တွင်းအကြမ်းဖက်မှုမှ ထွက်ပြေးလာသူတွေအတွက် ငွေကြေးထောက်ပံ့ဖို့ သြစတြေးလျဒေါ်လာ ၁ ဘီလီယံနီးပါး သုံးစွဲမှာဖြစ်ကြောင်း မေ ၁ ရက်မှာ ကြေညာခဲ့ပြီး အမျိုးသားရေးအကျပ်အတည်းလို့ အစိုးရက ခေါ်ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တုံ့ပြန်ဖို့အတွက် အင်တာနက်ပေါ်ရှိ ညစ်ညမ်းရုပ်ပုံစာပေနဲ့ အကြမ်းဖက်မှုတွေအတွက် စီမံချက်အသစ်တွေကိုလည်း မိတ်ဆက်ပေးတော့မှာဖြစ်ကြောင်း ဆိုပါတယ်။

ဒီအရေးကိစ္စတွေကို ဖြေရှင်းပေးဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ခေါင်းဆောင်တွေနဲ့ အရေးပေါ် အစည်းအဝေးအပြီး ပြောကြားရာမှာ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာသူတွေကို ရာသက်ပန် ငွေကြေးထောက်ပံ့မှု အစီအစဉ်တခုအဖြစ် သြစတြေးလျဒေါ်လာ သန်းပေါင်း ၉၂၅ ဒသမ ၂ သန်း (ဒေါ်လာ သန်း ၆၀၀) ပေးမယ်လို့ ကြေညာခဲ့တာပါ။

အွန်လိုင်းပေါ်က အဆိပ်သင့် ဖိုဝါဒီ အစွန်းရောက်သမား အမြင်တွေကို တိုက်ခိုက်ရာမှာ အယ်လ်ဘန်နီဟာ အင်တာနက်ပေါ်မှ ညစ်ညမ်းကိစ္စတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဆိုင်ရာ အစီအမံပေါင်းများစွာကို ကြေညာခဲ့ပြီး အမျိုးသမီးတွေအပေါ် ပိုကောင်းမွန်တဲ့ သဘောထားတွေကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။

အယ်လ်ဘန်နီက သူ့အစိုးရဟာ အင်တာနက်ပေါ်က အကြောင်းအရာတွေကို ရဲရဲတင်းတင်း ကိုင်တွယ်ဖို့ ဘယ်လောက်ခက်ခဲမယ် ဆိုတာကို လျှော့မတွက်ထားဘူး ဆိုပေမဲ့ အွန်လိုင်းမုဆိုးတွေအနေနဲ့ အွန်လိုင်းအားလုံးအတွက် အခမဲ့ဆိုတဲ့ အကျိုးဆက်တွေကို အတိအကျ နားလည်ဖို့လိုတယ်လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်နဲ့ ဧပြီ ၂၈ ရက်တို့မှာ လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ် ထွက်ခဲ့ကြပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

ဒီနှစ်မှာ ၄ ရက်တကြိမ် အမျိုးသမီးတဦး သေဆုံးနေရတယ်လို့ အစိုးရက တွက်ချက် ပြောကြားထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013