Home
နိုင်ငံတကာ
တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် သမ္မတဟောင်း ထရမ့်ပ် ဒဏ်ငွေ ၉,၀၀၀ ချမှတ်ခံရ
DVB
·
May 1, 2024
Trump fined $9,000 for violating gag order in New York hush money trial

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ရဲ့ ရာဇဝတ်မှုမြောက်တဲ့ နှုတ်ပိတ်ငွေနဲ့ ပတ်သက်တဲ့ တရားခွင်ကို ကြီးကြပ်တဲ့ တရားသူကြီးက ထရမ့်ပ်ကို တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ ဒဏ်ငွေ ဒေါ်လာ ၉,၀၀၀ ပေးဖို့ ဧပြီ ၃၀ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

အမိန့်ကို ဆက်ချိုးဖောက်ရင် ထောင်ဒဏ်ချမှတ်ဖို့ စဉ်းစားထားတယ်လို့လည်း ပြောခဲ့ပါတယ်။

ချမ်းသာတဲ့ စီးပွားရေးသမားအဖြစ်ကနေ နိုင်ငံရေးသမားဖြစ်လာတဲ့ ထရမ့်ပ်အတွက် ဒဏ်ကြေးငွေလောက်နဲ့ လုံလောက်မှာ မဟုတ်ပေမဲ့ မြင့်မားတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ အခွင့်အာဏာ မရှိတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်လို့ တရားသူကြီး ဟွမ်မာချန်က အမိန့်စာထဲမှာ ရေးထားပါတယ်။

ထရမ့်ပ်က သက်သေတွေနဲ့ အမှုမှာ ပါဝင်ပတ်သက်သူတွေအပေါ် ဝေဖန်တာကို တားဖို့ နှုတ်ပိတ်အမိန့်ကိုလည်း မာချန်က ချမှတ်ခဲ့ပါတယ်။

တရားလိုပြသက်သေတွေကို စော်ကားပြီး ခုံသမာဓိရဲ့ သမာသမတ်ရှိမှုကို မေးခွန်းထုတ်တဲ့ ပို့စ်တွေဟာ အမိန့်ကို ချိုးဖောက်တယ်လို့ မာချန်က ပြောရင်း အွန်လိုင်းဖော်ပြချက် ၉ ခုမှာ တခုစီအတွက် ဒဏ်ငွေ ဒေါ်လာ ၁,၀၀၀ စီ ချမှတ်ခဲ့တာပါ။

ဒါဟာ အစိုးရရှေ့နေတွေ တောင်းဆိုတဲ့ ဒေါ်လာ ၁၀,၀၀၀ ပြစ်ဒဏ်ထက် နည်းပါတယ်။

ကြာသပတေးနေ့ ကြားနာမှုမှာ တခြားထုတ်ပြန်ချက်တွေအတွက် နောက်ထပ် ဒဏ်ငွေတွေ ချ၊ မချဆိုတာ မာချန်က ဆက်စဉ်းစားမှာပါ။

တရားသူကြီးက ထရမ့်ပ်ရဲ့ Truth Social account နဲ့ မဲဆွယ်စည်းရုံးရေးဝက်ဘ်ဆိုက်က ကြေညာချက်တွေကို မွန်းလွဲ ၂ နာရီ ၁၅ မိနစ်မှာ ဖယ်ရှားဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013